နွေရာသီရောက်လာပြီဆိုရင် ရွက်ဟောင်းကြွေ ရွက်သစ်ဝေလို့ နွေပန်းတွေလည်းပွင့် လွမ်းလွမ်းဆွေးဆွေးတော့ ခံစားရသားနော်။ ဒီတစ်ခေါက်တော့ နွေဦးရာသီနဲ့ လိုက်ဖက်ညီတဲ့ လက်သည်းနီ ဒီဇိုင်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

လက်သည်းဆိုးမယ်ဆို ဘာဆိုးရမလဲ တကူးတကစဉ်းစားနေစရာမလိုတော့အောင် အခုပဲ ကြည့်လိုက်ပါနော်။

Lavender ပန်းခင်း

Lavender ပန်းတွေလို ပုံဖော်ထားတဲ့ လက်သည်းနီဒီဇိုင်းလေးက နွေဦးရာသီနဲ့ လိုက်ဖက်ညီလှပါတယ်။

တောရိုင်းပန်းတွေ

တောရိုင်းပန်းပင်လေးတွေကို ရောင်စုံဆိုးထားတဲ့ လက်သည်းနီဒီဇိုင်းလေးပါ။ ကာလာဆုံနဲ့ဆိုတော့ နွေဦးမှာ ဆန်းသစ်နေတာပေါ့ရှင်။

သစ်ခွ

သစ်ခွပန်းလေးကလည်း ပန်းတကပန်းတွေထဲမှာ အလှဆုံးပန်းအနွယ်ဝင်တစ်မျိုးပါပဲ။ လူကြိုက်လည်းများလှပါတယ်။ ဒီလိုလက်သည်းနီဒီဇိုင်းလေးကို ဆိုးမယ်ဆိုရင် ဘယ်လိုလဲ။

ရောင်စုံမျဉ်းလေးတွေ

အရောင်ဖျော့ဖျော့ကို ရောင်စုံရောပြီး ဆိုးပေးတာကလည်း တကယ်ကိုလှပပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့အရောင်ကိုဆိုးပေးလို့ရပြီး အပေါ်ကနေ အကြည်တစ်ထပ် ထပ်ဆိုးပေးပါ။

စိမ်းပြာရောင်နဲ့ ပန်းအလှ

စိမ်းပြာရောင်နဲ့ ပန်းအလှက နွေဦးရာသီနဲ့ လိုက်ဖက်ပါတယ်။ ဒီပုံကိုကြည့်ပြီး စာဖတ်သူတို့ သဘောကျမယ်မျှော်လင်မိပါတယ်။

လိပ်ပြာနဲ့ ပန်း

ဝတ်ရည်စုပ်ဖို့ အပြေးလာတဲ့ လိပ်ပြာလေးတွေနဲ့ ပန်းလေးတွေကို လက်သည်းနီဒီဇိုင်းလေးပုံဖော်တာက အမြင်တစ်မျိုးဆန်းစေပါတယ်။

နွေဦးနဲ့ လက်သည်းနီဒီဇိုင်း

နွေဦးနဲ့လိုက်ဖက်တဲ့ အရောင်တောက်တောက် အစက်အပျောက်လေးတွေနဲ့ လက်သည်းနီဒီဇိုင်းလေးပါ။ အရောင်ကိုတော့ အမျိုးမျိုးစပ်ပြီး ဆိုးကြပါတယ်။

Neon ပန်း

နွေဦးရာသီနဲ့ ပန်းလေးတွေက စည်းနဲ့ဝါးလိုပဲ လိုက်ဖက်ညီလှပါတယ်။ Neon ပန်းလေးရဲ့အရောင်ကလည်း နွေဦးနဲ့ တစ်ထပ်တည်းဖြစ်နေမှာဆိုတော့ စာဖတ်သူတို့လည်း သဘောကျနှစ်ခြိုက်မယ် မျှော်လင့်ပါတယ်။

မျဉ်းကြောင်းပုံ လက်သည်းနီဒီဇိုင်း

နောက်ဆုံးဖော်ပြချင်တာကတော့ မျဉ်းကြောင်းလေးနဲ့ ပုံဖော်ထားတဲ့ လက်သည်းနီဒီဇိုင်းလေးပါပဲ။

ကဲနွေရာသီမှာ လက်သည်းနီခပ်လန်းလန်းလေးဆိုးလိုက်ကြမယ်။