ချစ်လက်စတွေ တစ်ခန်းရပ်ပြီး လမ်းခွဲရတဲ့ အချိန်ဟာ နာကျင်စရာတွေနဲ့သာပြည့်နေပါတော့တယ်။ ချစ်သူနဲ့ကွေကွင်း ပြတ်စဲခြင်း ဒုက္ခဟာ သိပ်ခါးပါတယ်။ ဒါပေမယ့် ဘဝဆိုတာ ရပ်မနေဘဲ ဆက်ပဲ သွားနေရတာ ဖြစ်လို့ရှေ့လာမယ့် ဘဝအနာဂါတ်အတွက် ပြင်ဆင်ရဦးမှာပါ။

(၁) ရုန်းထွက်ပါ

လမ်းခွဲပြီးနောက် ကိုယ့်ကိုယ်ကို တည်ဆောက်ရာမှာ ပထမဆုံး လုပ်သင့်တဲ့ အချက်က ရင်ထဲမှာ တမြေ့မြေ့လောင်နေတဲ့ ကြေကွဲမှုနွံထဲကနေ ရုန်းထွက်ဖို့ပါပဲ။ ဘဝကို အသစ်တစ်ခုလို ပြန်ပြီး စတင်ရာမှာ အရေးတကြီး လုပ်ရမှာကလည်း အတိတ်ရဲ့ ဖမ်းစားမှုထဲကနေ ကိုယ့်ကိုယ်ကို ဆွဲနှုတ်ဖို့ပဲ ဖြစ်ပါတယ်။

(၂) ခရီးတွေ သွားပါ

စိတ်ပြေလက်ပျောက်ဖြစ်စေဖို့နဲ့မှတ်ဉာဏ်ဆိုးတွေကနေ သက်သာစေဖို့အတွက် ခရီးသွားခြင်းက အများကြီး အထောက်အကူဖြစ်ပါတယ်။ မရောက်ဖူးတဲ့ နေရာတွေ သွားပြီး အတွေ့အကြုံသစ်တွေ အမှတ်တရသစ်တွေ ဖန်တီးပါ။ ခရီးတွေကနေ ပြန်လာရင် စိတ်ဟာသိသိသာသာပေါ့ပါးသွားပါလိမ့်မယ်။

(၃) စိတ်နဲ့ကိုယ် ပြန်တည်ဆောက်ပါ

ရည်းစားနဲ့ပြတ်သွားပြီးနောက် လုပ်သင့်တာတစ်ခုက ကိုယ့်ကိုယ်ကို တည်ဆောက်တာပါ။ ရုပ်ရောစိတ်ရော ကြံ့ခိုင်ပြောင်းလဲအောင် တည်ဆောက်ဖို့အကောင်းဆုံးက Gym ကစားတာ နဲ့Yoga ကျင့်တာပါပဲ။ အချိန်ကာလတစ်ခုက ဝေဒနာကုစားနေချိန် ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်စိတ်နဲ့ခန္ဓာကိုယ်ကို ပြောင်းလဲပြီး ဖြစ်သွားပါလိမ့်မယ်။

(၄) ပညာရပ်သစ်တစ်ခု သင်ပါ

အရင်က သိပ်ပြီးသင်ချင်ခဲ့ပြီး မလုပ်ဖြစ်ခဲ့တာတွေ အခုချိန်က လုပ်ရမယ့်အချိန် ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အလုပ်အကိုင်နဲ့ဝင်ငွေတိုးစေမယ့် ပညာရပ်သစ် သင်တာအပြင် စိတ်နှလုံး နူးညံ့ပြောင်းလဲစေဖို့ဂစ်တာလိုမျိုး တူရိယာတစ်ခုခု အတီးသင်တာနဲ့ကွန်ဖရင့်တွေ တက်တာမျိုး လုပ်သင့်ပါတယ်။