ယှဉ်ပြိုင်မှုတွေများလာတဲ့ ဒီခေတ်ကြီးထဲမှာ သားသမီးတွေကမိဘတွေနဲ့ အနေနည်းလာတာကိုတွေ့ရပါတယ်။ စီးပွားရေးကို အာရုံစိုက်နေရတာကြောင့် မိဘတွေနဲ့ စကားပြောဆိုတာနည်းလာတာ ဂရုမစိုက်နိူင်တော့တာတွေ တွေ့လာရပါတယ်။ ဒါတွေက မိဘတွေကို စိတ်ဆင်းရဲစေပါတယ်။
မိဘတွေကိုနာလည်ပေးပါ
မိဘတွေရဲ့သားသမီးတွေအပေါ်ချစ်တဲ့အချစ်က တုနှိုင်းမဲ့ပါ။ကွီးတို့ငယ်ငယ်လေးကတည်း က ညသန်းခေါင်ငိုရင် ထပြီးချော့သိပ်ရတယ်။ အညစ်အကြေးတွေကို မရွံမရှာ ကိုင်တွယ်ရတယ်။ သူတို့မှာ လွတ်လပ်ချိန်ဆိုတာ မရှိသလောက်ပါပဲ။ သူတို့က ကွီးကိုအကြွင်းမဲ့ချစ်တဲ့ သူတွေပါ။ ကွီးတို့မိဘနေရာ ရောက်တဲ့အချိန်မှာ သူတို့ရဲ့ခံစားချက်တွေ အမြင်တွေကို နားလည်လာပါလိမ့်မယ်။ အဲ့ဒီအချိန်ကျမှ မိဘတွေရဲ့ တုနှိုင်းမဲ့ ချစ်ခြင်းမေတ္တာကို ခံစားရပါလိမ့်မယ်။
သူတို့တွေနဲ့ အချိန်ဖြုန်းပေးပါ
မိဘတွေအတွက် သူတို့ချစ်တဲ့ သားသမီးတွေနဲ့ အချိန်ဖြုန်းရတာဟာ အရမ်းအဓိပ္ပာယ်ရှိစေပါတယ်။ သူတို့ကို ကြည်နူးစေပါတယ်။ ကွီးတို့ အရွယ်ရောက်လာပြီဆိုရင် သူငယ်ချင်းတွေအတွက် အချိန်ပေးရတာ ကျောင်းအတွက် အချိန်ပေးရတာနဲ့ မိဘတွေအတွက် အချိန်မပေးနိုင်တော့ပါဘူး။ဒီလိုတွေဖြစ်ဖန်များလာပြီဆိုရင် မိဘတွေက အထီးကျန်လာပါတယ်။အထီးကျန်ခြင်းကကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါတယ်။ ဒါကြောင့် မိဘတွေနဲ့ မကြာခဏအချိန်ဖြုန်းပေးဖို့မမေ့ပါနဲ့။ အိမ်ထောင်ကျပြီး အိမ်ခွဲနေရရတောင် တပက်ကိုနှစ်ခါလောက်မိဘအိမ်သွားလည်ပေးပါ။ သူတို့နဲ့ ညစာအတူစားပေးပါ။ ဒီလိုလုပ်ပေးတာက သူတို့အတွက် အလွန်ပျော်ရွှင်စေမှာ အမှန်ပါပဲ
ကျေးဇူးတင်ကြောင်းပြပါ
မိဘတွေဟာသားသမီးတွေအတွက် လိုအပ်တာတွေတော်တော်များများ ဖြည့်ဆီးပြီးပြုစုပျိုး ထောင်ခဲပသူတွေပါ။ ကွီးအခုလိုကြီးပြင်းလာခဲ့တာ ဘွဲ့ရပညာတတ်ကြီးဖြစ်နေတာ အလုပ် ကောင်းတွေရခဲ့တာတွေက မိဘတွေရဲ့ ကျေးဇူးတွေကြောင့်ပါ။ မိဘတွေက သားသမီးတွေအတွတ် ပေးဆပ်ခဲ့ရတာတွေအများကြီးပါ။ ဒါပေမဲ့ သူတို့တွေက သားသမီးတွေဆီကနေ ဘာမှပြန်ရဖို့ မမျှော်လင့်တတ်ကြပါဘူး။ ဒီအရာတွေအားလုံးအတွက် သားသာမီးတွေက မိဘတွေကို ကျေးဇူးတင်ကြောင်း ပြဖို့လိုအပ်ပါတယ်။ သူတို့ဆီကိုပန်းတွေပို့ပေးတာဖြစ်ဖြစ် အိမ်ကိုသွားလည်ပြီး ခေါင်းလျှော် နှင်းနှိပ်ပေးတာတွေ လုပ်ပေးကြည့်ပါ။ ဒါတွေက မိဘတွေကို ကြည်နူးပျော်ရွှင်စေမှာအမှန်ပါပဲ။
သူတို့နဲ့ စကားများရန်မဖြစ်ပါနဲ့
အကြောင်းအရာတခုခုကြောင့် မဘတွေနဲ့ စကားများရန်ဖြစ်ရတော့မယ်ဆိုရင် သူတို့ဟာ သားသမီးတွေထက် ဘဝအတွေ့အကြုံပိုများတာသိရလိုက်ပါ။ပြီးတော့ ကိုယ့်မိဘတွေနဲ့ စကားများရတာဟာ နှစ်ဖက်လုံးအတွက် အကျိုးမရှိစေပါဘူး။စကားများရန်ဖြစ်တာကလက်ရှိအခြေအနေကိုပိုမိုဆိုးရွားစေတဲ့အပြင် မိဘတွေကိုလည်း နာကျင်စေပါတယ်။ မိဘတွေက သားသမီးကောင်းစားဖို့အတွက်ပဲ လုပ်နေတာပါ။ သူတို့နဲ့ စကားများရန်ဖြစ်ခြင်းကို အတတ် နိုင်ဆုံးရှောင်ကြဉ်ပေးပါ။
သူတို့အတွက်ထူးခြားတဲ့နေ့တွေ သတိရပေးပါ
သူတို့ရဲ့ မွေးနေ့ ဒါမှမဟုတ်မင်္ဂလာနှစ်ပက်လည်နေ့ အဖေများနေ့ အမေများနဲ့ စသဖြင့်မှတ် ထားပါ။အဲ့ဒီနေ့တွေရောက်လာရင် လက်ဆောင် ဒါမှမဟုတ် အမှတ်ရစေတဲ့ အရာတွေပြုလုပ်ပေးပါ။ လက်ဆောင်ပေးဖို့ စဉ်းစားမရဘူးဆိုရင် နေ့လည်စာဖြစ်ဖြစ် ညစာဖြစ်ဖြစ် လိုက်ကျွေးလိုက်ပါ။သူတို့ အိမ်ကို ညစာသွားစားရင်လည်း ဟင်းချက်တာကောင်းကြောင်း ချီးမွမ်းပါ။ ကိုယ်တိုင်လက်နဲ့ လုပ်ထားတဲ့ လက်ဆောင်လေးတွေ ပေးတာကတော့ အကောင်းဆုံးပါပဲ။
မိဘဆိုတာ အစားထိုးလို့မရတဲ့အရာတွေထဲမှာပါပါတယ်။ သက်ရှိထင်ရှားရှိနေစဉ်မှာ စိတ်ချမ်းသာအောင်ထားနိုင်ဖို့ ကြိုးစားပါ။