အထာကျကျဝတ်ရတာကြိုက်တဲ့ ကောင်မလေးတွေအတွက် သူများနဲ့မတူပဲ မိုက်နေစေမယ့်ဖက်ရှင်တွေ ကို ဖော်ပြပေးလိုက်ပါတယ်။ ဖက်ရှင်က ကိုယ်တိုင်ထွင်ဝတ်လေ မိုက်လေပါပဲ။
အခုခေတ်စားနေတဲ့ဘောင်းဘီလေးတွေကို ရှပ်အင်္ကျီနဲ့တွဲဝတ်လိုက်ရင် smart ကျသွားစေပါတယ်။ သူများနဲ့မတူချင်ရင်တော့ အပေါ်ကနေ ဒီလို ကြိုးတစ်လုံး top လေးတွေ ထပ်ဝတ်လို့ရပါတယ်။
ဒီလိုဖက်ရှင်လေးဆိုလည်း အပေါ်ကနေ ရင်ခံလေးထပ်စွပ်လိုက်ပါ။ ကြောင်တောင်တောင်မဖြစ်ပဲ အထာကျပြီးတောင် မိုက်နေပါသေးတယ်။
ဘောင်းဘီအရှည်အပွကြီးတွေကိုဝတ်ပြီး အပေါ်ကနေ ဂါဝန်ရှည်ထပ်ဝတ်တာမျိုးကလည်း 2021 နှစ်ကုန်ပိုင်းလောက်မှာ ခေတ်စားလာတဲ့ ဖက်ရှင်အဆန်းပဲဖြစ်ပါတယ်။
ပိုးသားဂါဝန်က ဘေးရှုံ့ကြိုးပါပြီး တိုလို့ရရင် ဒီလိုလေးဝတ်ကြည့်ပါ။ အထာကျပြီး အရမ်းမိုက်ပါတယ်။ လုံးဝကို အဆန်းအပြားဖက်ရှင်ပါပဲ။
ကြိုးတစ်လုံးကိုမှ ဒီလိုဖဲပြားဒီဇိုင်းလေးရှိရင် ရှပ်အင်္ကျီအဖြူ အပွပေါ်မှာ ထပ်ဝတ်ပြီး အောက်နေ boots တွေစီးလိုက်ပါ။ ဖက်ရှင်ကျပြီး အရမ်းမိုက်သလို ဖဲပြားလေးကြောင့် cute လည်းဖြစ်စေပါတယ်။
ဒီလို leather coat လေးရှိရင်တော့ ပိုမိုက်ပါတယ်။ ရှပ်အင်္ကျီအဖြူနဲ့ ဒီလိုတွဲပြီး ဝတ်ဖြစ်အောင်ဝတ်ကြည့်ပါ။ ဖိနပ်ကိုတော့ boots အမဲလေးသာစီးပါ။
ဂါဝန်အဖြူလက်ရှည်လေးဝတ်ထားရင် အပေါ်ကနေ ဒီလိုအင်္ကျီလက်ပြတ်လေးတွေ၊ ကြိုးတစ်လုံးလေးတွေ ထပ်ဝတ်ကြည့်ပါ။ ဒါလည်းဖက်ရှင်အသစ်လေးပါပဲ။
မိန်းကလေးအရမ်းဆန်တာမကြိုက်ရင် ရှပ်အင်္ကျီအဖြူအပွတွေကို ဒီလိုလေးသာဝတ်ကြည့်ပါ။ မိမိုက်နေမယ့် ဖက်ရှင်လေးပါပဲ။
ရှပ်အင်္ကျီအဖြူကို ဘောင်းဘီရှည်ထဲ ထည့်ဝတ်မယ်ဆိုရင် ဒီလိုရင်ဟိုက်ကြိုးတစ်လုံးလေးတွေသာ ထပ်ဝတ်ပါ။ leather သားဆိုရင်တော့ ပိုမိုက်မှာပါ။
ပွဲတက်ကြိုးတစ်လုံးတွေ၊ ကြိုးတစ်လုံးလှတာလေးတွေရှိရင် ဒီလိုဖက်ရှင်မျိုးထွင်ပြီး ဝတ်လို့ရပါတယ်။ အရမ်းလှပြီး မိုက်လည်းမိုက်ပါတယ်။
Photo source:www.pinterest.com