တစ်နေကုန်မတ်တပ်ရပ်၊ လမ်းလျှောက်၊ သွားလာပြီး ခြေထောက်တွေ နာကျင်ကိုက်ခဲနေတာမျိုး ဖြစ်ဖူးကြမှာပါ။ ဒီလို ခြေထောက်နာကျင်ကိုက်ခဲတာကို သက်သာစေမယ့် အလွယ်ကူဆုံးသော လေ့ကျင့်ခန်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။

လေ့ကျင့်ခန်း ၁

ပုံမှာပြထားတဲ့အတိုင်း သဘက်နဲ့ လုပ်ပေးရမှာပါ။ ခြေထောက်နှစ်ဖက်ကိုဆင်းထားပြီး သဘက်နဲ့ ဆွဲပေးရမှာ ဖြစ်ပါတယ်။ ၁၀ ကြိမ်၊ ၁၅ ကြိမ်လောက်သာ လုပ်ပေးပါ။

လေ့ကျင့်ခန်း ၂

ပုံမှာပြထားတဲ့အတိုင်း တင်းနစ်ဘောလုံးကို ခြေဖဝါးအောက်ထားပြီး ခြေထောက်နဲ့လှိမ့်နေပေးရမှာ ဖြစ်ပါတယ်။ ဘယ်ညာတစ်လှည့်စီ လှည့်ပေးပါ။ တစ်ဖက်ကို ၁ မိနစ်စီလုပ်ပေးပါ။

လေ့ကျင့်ခန်း ၃

ပုံမှာပြထားတဲ့အတိုင်း သဘက်အကြမ်းတစ်ခုကို အောက်ချပြီး ခြေချောင်းလေးတွေနဲ့ ကုပ်ပေးရမှာ ဖြစ်ပါတယ်။ ခြေချောင်းတွေကိုဖြန့်လိုက်၊ သဘက်ကိုကုပ်လိုက်နဲ့ ၁၀ ကြိမ်လုပ်ပေးပါ။ ဘယ်ညာ တစ်လှည့်စီ တစ်ဖက်ကို ၁၀ ကြိမ် ဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၄

လှဲအိပ်ပြီး ခြေထောက်နှစ်ဖက်ကို ပုံမှာပြထားတဲ့အတိုင်း အနောက်ကိုကုတ်ပြီးလန်လိုက်၊ ပြန်မတ်လိုက်နဲ့ ၅ မိနစ်လောက် လုပ်ပေးပါ။

ဒီလေ့ကျင့်ခန်းတွေကို ညဘက်အိပ်ခါနီးမှာလုပ်ပေးရင် ပိုကောင်းပါတယ်။ အချိန်ရရင် ၄ မျိုးလုံးပြီးရင် နောက်ထပ် ၂ ကြော့စီသာ ထပ်လုပ်ပေးပါ။ ညောင်းကိုက်နေတာတွေသက်သာပြီး နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်သွားပါလိမ့်မယ်။