ချစ်သူသက်တမ်းကြာလာတဲ့အခါမှာတော့ couple တွေတော်တော်များများမှာ ဒီအရာ ၅ ခုကို ကြုံတွေ့ရလေ့ရှိပါတယ်။ ဒါတွေကြောင့်ပဲ ခဏခဏရန်ဖြစ် စကားများကြတာတွေလည်း ရှိလာပါတယ်။

အထီးကျန်လာခြင်း

ချစ်သူသက်တမ်းကြာလာတဲ့အခါမှာ အများစုဖြစ်လေ့ရှိတာကတော့ အထီးကျန်လာတာပါပဲ။ စတွဲခါစကလို တစ်ချိန်လုံး တီတီတာတာနဲ့ စကားတွေ မပြောဖြစ်ကြတော့ဘူး။ တစ်ယောက်နဲ့တစ်ယောက် တစ်ခုချင်းစီလိုက်ပြီး အသေးစိတ်ကအစ မပြောဖြစ်ကြတော့ပဲ စကားပြောတာလေးတွေပါ နည်းနည်းကျဲလာကြပါတယ်။ ဒီလိုမျိုးတွေကြောင့်ပဲ အထီးကျန်သလို ခံစားလာရတာ များပါတယ်။

အချိန်ပေးတာတွေနည်းလာခြင်း

စတွဲခါစကတော့ ခဏခဏတွေ့ဖြစ်ကြတယ်၊ တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးပြီး chat ကြတယ်၊ မအားရင်တောင်မှ အချိန်ရရင်ရသလို ဖုန်းဆက်တာ၊ chat တာမျိုးလေးတွေ ရှိကြတယ်၊ အားရင်အားသလို လာတွေ့တာမျိုးလေးတွေ ရှိကြတယ်။ ချစ်သူသက်တမ်းကြာလာတော့ ဒီလိုအချိန်ပေးတာလေးတွေ နည်းလာတတ်ပါတယ်။ တချို့ကျတော့လည်း မချစ်တော့လို့မဟုတ်ပဲ ဘဝအတွက်အရေးကြီးတာတွေ၊ ရှေ့ရေးအတွက်တွေကို ကြိုးစားရုန်းကန်နေကြရလို့ပါ။

ဂရုစိုက်မှုလျော့နည်းလာခြင်း

အထူးသဖြင့် မိန်းကလေးတွေက ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ့်ချစ်သူဆီက ဂရုစိုက်မှုကို လိုချင်ကြပါတယ်။ ယောင်္ကျားလေးတွေကျတော့လည်း ချစ်သူသက်တမ်းကြာလာရင် စတွဲတုန်းကလောက် ဂရုမစိုက်ဖြစ်ကြတော့ပါဘူး။ ဒါတွေကြောင့်ပဲ မိန်းကလေးဘက်က ရစ်တာ၊ တစ်ခုခုဆို စိတ်ကောက်တာ၊ စိတ်ဆိုးတာတွေဖြစ်ပြီး ရန်ဖြစ်စကားများကြတာ၊ အဆင်မပြေဖြစ်ကြတာ များပါတယ်။

ငြီးငွေ့လာခြင်း

တချို့ couple တွေမှာကျတော့ တစ်ယောက်နဲ့တစ်ယောက် ငြီးငွေ့လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ချစ်တော့ချစ်ပေမယ့် တစ်ခါတစ်လေကျရင် ငြီးငွေ့သလိုစိတ်မျိုးလေးတွေ ဝင်လာတတ်ပါတယ်။ ဒီလိုအချိန်တွေမှာ တစ်ယောက်နဲ့တစ်ယောက် ခဏခဏ ရန်ဖြစ်စကားများတာမျိုးတွေ မလုပ်မိအောင် ဆင်ခြင်ဖို့လိုပါတယ်။

စိတ်သဘောထားမတိုက်ဆိုင်ခြင်း

စတွဲခါစတုန်းကတော့ တစ်ယောက်အကြိုက် တစ်ယောက် လိုက်နေပေးခဲ့ပေမယ့် ချစ်သူသက်တမ်း ကြာလာတဲ့အခါမှာတော့ အဲ့လိုတွေမနေနိုင်တော့တာ များပါတယ်။ စိတ်ရှည်သည်းခံမှုတွေလည်း လျော့နည်းလာတတ်ပါတယ်။ ဒီလိုတွေဖြစ်လာပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် ပြန်လည်ညှိုနှိုင်းပြီး အရင်လိုပြန်ဖြစ်အောင် အဆင်ပြေအောင် ကြိုးစားသင့်ပါတယ်။