ရာသီဥတုပူလို့ ဆံပင်ညှပ်ချင်နေတဲ့ မိန်းကလေးတွေနဲ့ စိတ်ရှုပ်လို့ ဆံပင်ညှပ်ချင်နေတဲ့၊ ဆံပင်ပုံစံပြောင်းချင်နေတဲ့ မိန်းကလေးတွေအတွက် Hairstyle လှလှလေးတွေကို မျှဝေပေးလိုက်ပါတယ်။

လုံးဝကိုပုံစံပြောင်းပြီး ယောင်္ကျားလေးဆန်ဆန် အထာကျတဲ့ Hairstyle မျိုးညှပ်ချင်ရင်တော့ ဒီလိုပုံစံလေးတွေသာ ညှပ်ချပစ်လိုက်ပါ။ ဆံပင်အမဲနဲ့လည်းမိုက်သလို၊ အရောင်ဆိုးရင်လည်း အရမ်းမိုက်ပြီး အထာကျစေပါတယ်။

ဒီ Hairstyle လေးတွေကျတော့ ကိုရီးယားဆန်ပြီး အထာကျကျနဲ့လှနေစေမယ့် ပုံစံမျိုးပါ။ ဆံပင်အရမ်းတိုသွားပေမယ့် ယောင်္ကျားလေးအရမ်းဆန်တာမျိုးလည်း မဟုတ်တဲ့အတွက် မိန်းကလေးအများစု ပိုသဘောကျမယ်လို့ ထင်ပါတယ်။

ခုနကလောက် အရမ်းတိုပြီး ယောင်္ကျားလေးဆန်တာမျိုးတော့ မကြိုက်ပေမယ့် ဆံပင်ကိုဂုတ်ရှင်းသွားအောင် အတိုလေးညှပ်ချပစ်ချင်တယ်ဆိုရင်တော့ ဒီ Hairstyle လေးတွေသာညှပ်ပါ။ ရာသီဥတုပူတာအတွက်လည်း အရမ်းအဆင်ပြေပါတယ်။

နဖူးပြောင်တဲ့မိန်းကလေးတွေနဲ့ Cute Type လေးကြိုက်တဲ့သူတွေဆိုရင် ဒီလိုဂုတ်အလွတ်ကေလေးညှပ်ပြီး အရှေ့ဆံပင်လေးတွေလည်း ညှပ်လိုက်ပါ။ ပိုပြီးချစ်ဖို့ကောင်းသွားစေပါတယ်။

အရမ်းတိုအောင်မညှပ်ချင်ရင် ဒီလို Hairstyle လေးလည်း ညှပ်ကြည့်ပါ။ ဒီလိုအလန်လေးလုပ်ပြီး ပုံသွင်းလို့လည်းရသလို၊ အကုတ်လေးလုပ်လို့လည်း ရပါတယ်။

ကိုယ်ဆံပင်ကို အရမ်းတိုသွားတာမျိုးမညှပ်ချင်ဘူးဆိုရင်တော့ ဒီ Hairstyle လေးတွေညှပ်ကြည့်ပါ။ အရမ်းမတိုပဲ လှပါတယ်။ Step တွေညှပ်ထားတာဖြစ်လို့ ရာသီဥတုပူတာအတွက်လည်း နည်းနည်းတော့ အပူဒဏ်သက်သာစေတယ်၊ စိတ်ရှုပ်သက်သာစေပါတယ်။

ရိုးရိုးလေးပဲညှပ်ချင်တယ်ဆိုရင်တော့ ပခုံးလောက်လေးကို အတိညှပ်ကြည့်ပါ။ ရိုးရှင်းပြီး ချစ်ဖို့ကောင်းပါတယ်။ ခေါင်းလည်းပေါ့သွားစေပါတယ်။ အပူဒဏ်လည်း သက်သာစေပြီး လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်တဲ့ Hairstyle လေးပါ။

Photo source:www.pinterest.com