ကားအကြာကြီး စီးရလေ့ရှိတဲ့ ခရီးမျိုး ဆိုရင် သင် ဘယ်လို Outfit မျိုး ဝတ်လေ့ရှိလဲ။ ဘောင်းဘီအကျပ်ကျတော့ ကြာလာရင် ခြေထောက် သွေးစီးဆင်းမှုအတွက် အနှောင့်အယှက် ဖြစ်စေပါတယ်။ ဘောင်းဘီရှည်ကျတော့လည်း ပိတ်စ အလေးချိန်ကြောင့် ကြာကြာဝတ်ထားရင် သက်တောင့်သက်သာ မဖြစ်တော့ပါဘူး။ အတိုတွေကျတော့လည်း မဝတ်ရဲတဲ့ ပျိုမေတို့အတွက်ကျ မလုံမခြုံ ခံစားရစေနိုင်ပါတယ်။ ဒီတော့ အသင့်တော်ဆုံးကတော့ မရှည်လွန်းတဲ့ ဒူးဖုံးစကပ်ရှည် ဖက်ရှင်ပါ။ စကပ်က ဘောင်းဘီလို မလေးဘဲ ပေါ့ပေါ့ပါးပါးနဲ့ ခရီးသွားတဲ့အခါ အသင့်တော်ဆုံးပါ။ အရှည်မှာမှ တစ်ကိုယ်လုံးစာ ဂါဝန်ကို ရွေးချယ်နိုင်သလို ဒူးဖုံး စကပ်ရှည်ကိုလည်း ရွေးချယ်နိုင်ပါတယ်။

စကပ်ရှည်ကတော့ အပေါ် အင်္ကျီအမျိုးမျိုးနဲ့ ပြောင်းဝတ်နိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ဂါဝန်မဟုတ်ဘဲ အပေါ် အင်္ကျီမျိုးစုံနဲ့ တွဲဝတ်နိုင်တဲ့ ခရီးသွားတဲ့အချိန် သင့်တော်တဲ့ စကပ်ရှည် Outfit ပုံစံတွေကို ဖော်ပြလိုက်ပါတယ်။

အပေါ်ရှပ်က အရောင်နဲ့ ကွက်တိကျတဲ့ စကပ်ကို ရွေးချယ်နိုင်ပါတယ်။


အနက်ရောင်ကြိုက်နှစ်သက်သူ ပျိုမေတို့အနေနဲ့ ဒါမျိုးလေး တွေ ဝတ်ဆင်နိုင်ပါတယ်။


Opposite Color မျိုး တွဲဝတ်ချင်ရင်တော့ အောက်ဘက် စကပ်အရောင်ကို အဖြူနဲ့ အနက်ကို ရွေးချယ်သင့်ပါတယ်။

ပန်းရောင်ကြိုက်နှစ်သက်တဲ့ ပျိုမေတို့အနေနဲ့ ပန်းရောင် စကပ် ဝတ်ဆင်နိုင်ပြီး အပေါ်က အောက် ထပ် တစ်ဆင့် ပိုနုတဲ့ ပန်းရောင်ကို ရွေးချယ်နိုင်ပါတယ်။ အပေါ် ရှပ်အဖြူလေးနဲ့လည်း လှနေဦးမှာပါ။


အဖြူနဲ့ အနက် စကပ်အရောင်ကို မကြိုက်ရင် တခြား ရွေးချယ်သင့်တဲ့ အရောင်တွေကတော့ အဝါ၊ အစိမ်းနုနဲ့ အပြာနု စတဲ့ အရောင်တွေပါ။

မိန်းကလေးဆန်ဆန် စကပ်နဲ့ အင်္ကျီ Outfit ကို နှစ်သက်သူ ပျိုမေတို့အတွက်

Photo Source: Pinterest

By MyStyle Myanmar