ဝက်ခြံရှိတဲ့သူ၊ ဆားဝက်ခြံရှိတဲ့သူနဲ့ Glowing Skin လေးလိုချင်တဲ့သူတွေအတွက် DIY Face Scrub ၃ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဒီထဲကမှ ကိုယ့်အသားအရေနဲ့ ကိုက်ညီတာမျိုး၊ ကိုယ်လိုချင်တာမျိုးကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။

Glowing Skin ဖြစ်ချင်သူများအတွက်

အသားအရေ Glow တာမျိုး လိုချင်တယ်ဆိုရင်တော့ ကော်ဖီကြမ်းအမှုန့် – ခွက်တစ်ဝက်စာ၊ ဒိန်ချဉ် (သို့) နွားနို့ – ခွက်တစ်ဝက်စာ၊ ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြီး မျက်နှာပေါ်မှာ ညင်သာစွာပွတ်ပြီး Scrub လုပ်ပေးပါ။ ပြီးရင် ရေကြက်သီးနွေးလေးနဲ့ မျက်နှာသစ်ပြီး ကိုယ်လိမ်းနေကျ Skincare တွေ လိမ်းပေးပါ။

ဒီနည်းလမ်းကို တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးရင် အသားအရေကြည်ပြီး Glow လာစေတယ်၊ Skin Brightening ဖြစ်လာစေပါတယ်။

ဆားဝက်ခြံတွေရှိနေသူများအတွက်

မျက်နှာမှာ ဆားဝက်ခြံတွေများနေတဲ့သူတွေအတွက် သံပယိုရည် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ဆား- စားပွဲတင်ဇွန်း ၁ ဇွန်း၊ ရေသန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြီး ပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင် ဆားဝက်ခြံရှိတဲ့နေရာကို circular motion ပွတ်ပေးပါ။ ၃ မိနစ်လောက် ညှင်သာစွာပွတ်ပြီးရင် ရေကြက်သီးနွေးနဲ့ မျက်နှာသစ်ပေးပြီး Skincare ပြန်လိမ်းပါ။

တစ်ပတ်တစ်ခါလုပ်ပေးရင် ဆားဝက်ခြံတွေ သက်သာသွားပါလိမ့်မယ်။

ဝက်ခြံရှိသူများအတွက်

ဒိန်ချဉ် – ခွက်တစ်ခွက်စာ၊ ကြိတ်ချေထားတဲ့ စတော်ဘယ်ရီ – ခွက်တစ်ဝက်စာ၊ almond meal – ခွက်တစ်ဝက်စာ၊ apple cider vinegar – အနည်းငယ်တို့ကို ရောမွှေပြီး မျက်နှာမှာ ၁၅ မိနစ်လိမ်းထားပါ။ အချိန်ပြည့်ရင် ရေကြက်သီးနွေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။

တစ်ခါဆိုတစ်ခါ သိသာတာကြောင့် ဝက်ခြံတွေရှိနေရင် လုပ်ကြည့်သင့်တဲ့ DIY Scrub ဖြစ်ပါတယ်။