စိတ်ဓာတ်ကျတာကတော့ လူတိုင်းဖြစ်လေ့ရှိတဲ့အရာပါပဲ။ စိတ်ဓာတ်ကျတဲ့အခါမှာ ဘယ်သူ့ဆီကမှ အားပေးစကားတွေကို မျှော်မနေပါနဲ့။ ကိုယ့်ကိုယ်ကိုပဲပြန်ပြီး စိတ်ခွန်အားပေးဖို့ကြိုးစားပါ။ ကိုယ့်စိတ်ကိုသာပြောင်းလဲနိုင်ရင် အရာရာအဆင်ပြေပါတယ်။ ဒါကြောင့် အရိုးရှင်းဆုံးအရာတွေနဲ့ ကိုယ့်ကိုယ်ကို စိတ်ခွန်အားပြန်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။
စိတ်ညစ်စရာတွေကိုမေ့ပစ်ပါ
စိတ်ညစ်စရာတွေရှိရင် အကြာကြီးမထားပဲ မြန်မြန်မေ့ပစ်ပါ။ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေကို ခေါင်းထဲထည့်ထားရင် ဘယ်လိုနေနေ စိတ်ဓာတ်ကျနေမှာပါပဲ။ ဒါကြောင့် စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေကို နေ့တိုင်းလျှော့ချပစ်ပါ။
Overthinking မဖြစ်ပါနဲ့
Overthinking ဖြစ်ပြီး အရမ်းတွေးရင်၊ အတွေးတွေများနေရင် စိတ်တွေပိုရှုပ်ထွေးလာပြီး စိတ်ညစ်လာမယ်၊ စိတ်ဓာတ်ကျလာပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို စိတ်ခွန်အားပြန်ပေးနိုင်ဖို့ဆိုရင် အရေးကြီးတာက overthinking မဖြစ်ဖို့ပါပဲ။
ပျော်မယ်ထင်တာကိုလုပ်ပါ
ကိုယ်လုပ်ချင်တာတွေအကုန်လုံး ကိုယ့်စိတ်ပျော်မယ်ထင်ရင် လုပ်ချလိုက်ပါ။ လုပ်ချင်တာလုပ်ပြီးပျော်နေမှ စိတ်ချမ်းသာမှာမို့ ကိုယ့်ကိုယ်ကိုပျော်အောင်ထားပါ။ စိတ်ပျော်နေမှလည်း motivate ဖြစ်ပြီး စိတ်ခွန်အားတွေရလာမှာပါ။
ကိုယ့်ကိုယ်ကိုချစ်ပါ
တခြားသူဆီက ဂရုစိုက်မှုတွေ၊ အချစ်တွေ ဘာမှမမျှော်လင့်ပါနဲ့။ ကိုယ့်ကိုယ်ကိုပဲ ပိုချစ်ပြီး ကိုယ်ဖြစ်ချင်တာတွေရှိရင် ရအောင်လုပ်ယူမယ်ဆိုတဲ့စိတ်ကို ထည့်ထားပြီး ကြိုးစားလုပ်ဆောင်ပါ။ ငါ့အတွက်ငါရှိတယ် ဘယ်သူ့မှမလိုဘူးဆိုတဲ့စိတ်ကို ထည့်ထားပါ။
သီချင်းနားထောင်ပါ
သီချင်းနားထောင်ပေးခြင်းက စိတ်ကိုအရမ်း relax ဖြစ်ပြီး ပေါ့ပါးစေပါတယ်။ ဒါကြောင့် နေ့တိုင်း ကိုယ်ကြိုက်တဲ့သီချင်းလေးတွေ နားထောင်ပြီး အပန်းဖြေအနားယူပါ။
တရားထိုင်ပါ
စိတ်ဓာတ်ခွန်အားပေးနိုင်ဖို့အတွက် တရားထိုင်ကြည့်ပါ။ နေ့တိုင်းထိုင်နိုင်ရင် ပိုကောင်းပါတယ်။ တရားထိုင်ပေးခြင်းက စိတ်တည်ငြိမ်စေတယ်၊ စိတ်ကြည်လင်စေတယ်၊ စိတ်ခွန်အားကိုလည်း ပြန်လည်မြှင့်တင်ပေးပါတယ်။