မိတ်ဆွေ အပေါင်းအသင်းနဲ့ ပတ်သက်ရင် ကောင်းတဲ့သူရော မကောင်းတဲ့သူပါ ရောနေတတ်ပါတယ်။ တချို့ကသင့်ဘဝထဲကို အနစ်နာခံမှုတွေ၊ ဂရုစိုက်မှုတွေနဲ့ ဝင်လာခဲ့ပေမယ့် တချို့တွေကတော့ နောက်ကြော ဓားနဲ့ထိုးတတ်ကြပါတယ်။ အမြဲ အကောင်းနဲ့ အဆိုး ဓွန်တွဲနေတတ်ပါတယ်။

ဘဝတစ်လျှောက်လုံး အနားမှာ အသင့်ရှိနေမယ့် မိတ်ဆွေမျိုး မပိုင်ဆိုင်ထားသူ တစ်ဦးရဲ့ ဘဝက ခက်ခဲလှပါတယ်။

ကိုယ်ခင်ပေမယ့် ကိုယ့်ရှေ့ ရောက်မလာတဲ့ မိတ်ဆွေ၊ ကိုယ်နဲ့ ဝေးကွာသွားတဲ့ မိတ်ဆွေတွေ နဲ့ ဘဝကို ဖြတ်သန်းရတာက တကယ်တော့ စိန်ခေါ်မှုတစ်ခုပါပဲ။

သင်မှန်းထားသလို ဖြစ်မလာတဲ့အခါ၊ သင် ဖြစ်စေချင်သလို သူတို့က လိုက်မလုပ်နိုင်တဲ့အခါ ခံရခက်လှပါတယ်။ဒါပေမဲ့ ကိုယ့်ကို ဂရုမစိုက်တဲ့၊ ထားခဲ့တဲ့ သူငယ်ချင်းတွေ အပေါ် အာရုံစိုက်လိုက်တဲ့အခါ ကိုယ့်အနားက သူတွေနဲ့နေရတဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဆုံးရှုံးသွားတတ်ပါတယ်။

​အဆုံးသတ် တစ်နေ့မှာ.. သင့်အနားမှာ နေချင်တဲ့သူတွေက သင့်ဆီ အရောက်ကို လာမှာပါ။

လာချင်တဲ့သူကတော့ လာကိုလာမှာပါပဲ။ သင်က သူတို့ အပေါ်ကောင်းခဲ့လို့ သူတို့ဘက်ကလည်း ပြန်ကောင်းမယ်လို့ ထင်ခဲ့ပေမယ့် ထင်ထားသလို မဖြစ်တဲ့အခါ သူတို့နဲ့ ပတ်သက်တဲ့ သင့်အတွေးက မှန်နေတတ်ပါတယ်။

သင့်ကို မေ့ထားတဲ့ သူငယ်ချင်းတွေက သင့်နားမှာ မနေချင်ရင် လက်သာလွှတ်ပေးလိုက်ပါ။

သူတို့ကို မုန်းစရာမလိုသလို၊ တစ်သက်လုံး အငြိုးထားနေစရာလည်း မလိုပါဘူး။ သင့်ဘဝသင် ပျော်ပျော်ရွှင်ရွှင်သာ နေသင့်ပါတယ်။ သူတို့ကို လမ်းကြုံလို့ သတိရခဲ့ရင်လည်း လွတ်လွတ်လပ်လပ် သတိရနိုင်ပါတယ်။

အရေးကြီးတာက သူတို့ကို တစ်ချိန်လုံး စိတ်ဆိုးပြီးတော့ သူတို့အကြောင်းပဲ အမြဲ တွေးမနေဖို့ပါ။ ဒီလိုတွေးနေခဲ့ရင်တော့ သင့်ဘဝက ဘာမှထူးမှာ မဟုတ်ပါဘူး။ သင့်ကို ချစ်တဲ့သူတွေ၊ ဂရုစိုက်တဲ့သူတွေနဲ့ သင့်ဘဝက လှပပြီးသားပါ။

သင်ဝမ်းနည်းတဲ့အချိန်၊ စိတ်ဆိုးတဲ့ အချိန် အနားမှာ ရှိနေသူတွေ အပေါ် အာရုံစိုက်သင့်ပါတယ်။ သင့်ကို အံ့ဩစရာအရာတွေ ဖန်တီးပေးတတ်တဲ့ အမြဲ သတိတရ ရှိတတ်သူတွေအပေါ်ပဲ အာရုံစိုက်ပါ။ သင့်အပေါ် သစ္စာရှိတဲ့သူငယ်ချင်းတွေ အပေါ်မှာပဲ အာရုံစိုက်သင့်ပါတယ်။

သင့်အကြောင်း သတိတရ သတင်းမေးတတ်တဲ့ သူငယ်ချင်းတွေ၊ သင့်အောင်မြင်မှုကို အတူတူပျော်ပေးတတ်တဲ့သူငယ်ချင်းတွေနဲ့ပဲ ဝန်းရံထားသင့်ပါတယ်။ သူတို့အပေါ်မှာပဲ အာရုံစိုက်သင့်ပါတယ်။

သင့်ကို ထားခဲ့တဲ့ သူငယ်ချင်းတွေကို မေ့ပစ်ပြီး သူတို့ပျော်ပါစေပဲ ဆုတောင်းပေးလိုက်ပါ။ သင့်အနားမှာ ရှိတဲ့သူတွေကိုပဲ အချိန်ပြည့် အာရုံစိုက်ပါ။ သင့်ဘဝ အရင်ထက် ပျော်ရွှင်လာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar