မျက်ကွင်းညိုတတ်တဲ့ အသားအရေက အလိုလိုနေရင်းနဲ့ကို ပင်ပန်းနွမ်းနယ်နေတဲ့ ပုံစံပေါ်နေစေပါတယ်။ ဒီလိုပုံစံပေါ်နေတာက သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေမှာပါ။ ဒါကြောင့်လည်း သင်က မျက်ကွင်းညိုတာ သက်သာစေမယ့် Eye Cream တွေကို သုံးနေရတာပါ။ ဒီတစ်ခေါက်မှာတော့ အလွယ်တကူ ရနိုင်မယ့် Vaseline ကို သုံးပြီး မျက်ကွင်းညိုတာ သက်သာစေမယ့် နည်းလမ်းကို ဖော်ပြပါရစေ။ ဒီနည်းလမ်းက ၇ ရက်အတွင်းတင် သိသာတာမို့ သင့်အတွက် အသုံးဝင်မှာပါ။
ပထမဆုံးအနေနဲ့ သန့်စင်ထားတဲ့ ခွက်တစ်ခွက်ထဲကို Vaseline တစ်ဇွန်း ထည့်ပေးရပါမယ်။ Vaseline က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အရေပြားကို စိုပြေစေပြီး ယားယံတာ သက်သာစေပါတယ်။ မျက်လုံးအောက် အသားအရေကို စိုပြေတောက်ပစေပါတယ်။
ပြီးနောက် မျက်လုံးအောက် အစိုဓာတ် ရရှိစေဖို့ ဒုတိယ အဆင့်အနေနဲ့ ရှားစောင်းလတ်ပတ်ဂျယ် ထပ်ထည့်ပေးရပါမယ်။ ရှားစောင်းလတ်ပတ်မှာတော့ ဗီတာမင် အီး၊ စီ နဲ့ ဘီတာကယ်ရိုတင်း ပါဝင်ပြီး အိုမင်းရင့်ရော်မှု လျော့ကျစေတဲ့အပြင် အသားအရေကို အာဟာရ ဖြည့်တင်းပေးပါတယ်။
ထပ်ထည့်ပေးရမှာကတော့ အုန်းဆီ အစစ် တစ်ဇွန်းပါ။ အုန်းဆီက အက်တီအောက်ဆီးဒင့် ကြွယ်ဝပြီး ပိုးမွှား ဘတ်တီးရီးယားနဲ့ မှိုတွေကို သေစေတဲ့ သတ္တိရှိပါတယ်။
Photo Source: PureWow
အုန်းဆီ ထည့်ပြီးနောက် ဗီတာမင် အီးတစ်တောင့်ကို ညှစ်ထည့်ပေးရပါမယ်။ ဗီတာမင်အီးကတော့ အသားအရေကို အာဟာရ ပြည့််ဝစေပြီး တောက်ပစိုပြေစေပါတယ်။ ဒါ့အပြင် အရေးအကြောင်းတွေကို တိုက်ထုတ်ပေးပါသေးတယ်။
ဒီပစ္စည်းအားလုံးကို သမအောင် ရောမွှေပေးရပါမယ်။ ဒီအရောကို မျက်လုံးအောက် နှိပ်နယ်လိမ်းပေးပြီး ၅ မိနစ် ထားပေးရပါမယ်။ ပြီးရင်တော့ ဝါဂွမ်းလုံးနဲ့ ဒီလိမ်းထားတာကို ဖယ်ရှားပြီး တစ်ည ထားအိပ်ရပါမယ်။ သင်က နေ့ခင်းဘက် လုပ်တယ်ဆိုရင်တော့ နာရီဝက် ထားပေးရပါမယ်။
သင့်အသားအရေကို ရေအေးအေးလေးနဲ့ ဆေးချပေးရပါမယ်။
ဒါကို ပြန်သုံးချင်ရင်တော့ လေလုံတဲ့ ဘူးထဲမှာ သိမ်းပြီး တစ်လကြာ သုံးနိုင်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar