အားလုံးပဲမင်္ဂလာပါနော်။ မိတ်ကပ်လိမ်းတဲ့အခါ သဘာဝဆန်ပြီး Glow ဖြစ်နေတာလေးမှ သဘောကျတယ်ဟုတ်? ဒီလိုGlowပြီး မိတ်ကပ်သား အရမ်းမထူဘဲ သဘာဝကျကျလေးလှတဲ့ မိတ်ကပ်မျိုးဆိုရင်တော့ မိန်းကလေးတိုင်းလိုလို သဘောကျကြမှာပါ။

ဒီလိုမျိုးသဘာဝကျကျလှနေဖို့ဆိုရင်တော့ ကိုယ့်အသားအရေနဲ့ သင့်တော်တဲ့ မိတ်ကပ်အရောင်ကို သေချာရွေးချယ်ဖို့လိုသလို မိတ်ကပ်ကို ကူရှင်နဲဆွဲမလိမ်းဘဲ ပုတ်ပုတ်ပြီးလိမ်းပေးဖို့လိုတယ်နော်။

မျက်လုံးချယ်တဲ့အခါမှာလည်း သဘာဝကျကျလေး ချယ်သဖို့လိုပါတယ်။ ဒီအောက်မှာ မျက်လုံးချယ်သပုံတွေကို လေ့လာနိုင်ပါတယ်နော်။


နှုတ်ခမ်းနီကိုတော့ ပန်းရောင်လေးဆိုးရင် ပိုမိုက်မယ်လို့ မြင်မိတယ်။ ကိုယ့်နုတ်ခမ်းသား ကိုယ်နဲ့လိုက်နဲ့ နုတ်ခမ်းနီကို ရွေးချယ်ပြီးဆိုးပေါ်နိုင်ပါတယ်။

ပါးနီခပ်ဖွဖွလေးဆိုးလိုက်ပြီး Highlighter လေးကို ဆိုးလိုက်ရင်တော့ သိပ်ကို Glow ဖြစ်ပြီး မိုက်တဲ့ ပုံလေးဖြစ်သွားမှာနေသချာပါတယ်နော်။


Photo:Pinterest