လက်သည်းအချွန်ထားတဲ့သူတွေအတွက် အရမ်းလှတဲ့ white acrylic လက်သည်းဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပွဲတွေသွားတဲ့အခါမှာ လက်သည်းပုံဖော်ချင်တယ်ဆိုလည်း ဒီလက်သည်းဒီဇိုင်းလေးတွေက အရမ်းလှပါတယ်။

ရိုးရှင်းတာကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးက ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အဖြူပေးမှာမှ ထင်းနေအောင် အလှဆင်ပြီးကပ်ထားတာဖြစ်လို့ အရမ်းလှပါတယ်။ ပွဲတွေသွားစရာရှိရင်လည်း ဒါမျိုးလေးက အရမ်းလိုက်ဖက်ပါတယ်။

လိပ်ပြာလေးတွေကြိုက်ရင်တော့ အဖြူပေါ်မှာ ဒီလိုလေးကပ်ပြီး ပုံဖော်ဆိုးကြည့်ပါ။ လူငယ်ဆန်ပြီး အရမ်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အရမ်းလှပြီး ချစ်ဖို့လည်းကောင်းပါတယ်။ ပွဲအခမ်းအနားတွေ သွားစရာရှိရင်လည်း ဒီလိုလက်သည်းဒီဇိုင်းလေးနဲ့ဆို အရမ်းလိုက်ပါတယ်။

ခုနကလက်သည်းဒီဇိုင်းလိုမျိုး ကျောက်ကပ်ရတာမကြိုက်ရင် ဒီလိုလေးပုံဖော်ကြည့်ပါ။ ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။

အဖြူကိုမှ ပုလဲဖောက်တဲ့အရောင်လေး ဆိုးထားတာကြောင့် အရမ်းလှပါတယ်။ လိပ်ပြာဒီဇိုင်းလေးတွေကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ လက်သည်းအချွန်လေးတွေနဲ့ဆို ပိုပြီးလိုက်ဖက်တဲ့ ဒီဇိုင်းမျိုးဖြစ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အဖြူနဲ့ငွေရောင်ကိုစပ်ပြီးဆိုးထားတာ တစ်မျိုးလေးဆန်းပြီး အရမ်းလှပါတယ်။ လိပ်ပြာမကြိုက်ရင် ကိုယ်ကြိုက်တဲ့တစ်ခုခုကို ကပ်ကြည့်ပါ။ ပြောင်ရှင်းနေတာထက်စာရင်တော့ ဒီလိုလေးကပ်တာက ပိုလှပါတယ်။

ဒီဇိုင်းစုံပုံဖော်တာမျိုးကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ ပွဲအခမ်းအနားတွေနဲ့ဆိုလည်း အရမ်းလိုက်ဖက်တဲ့ ဒီဇိုင်းမျိုးဖြစ်ပါတယ်။

ကျောက်တွေအများကြီးကပ်ပြီး ပုံဖော်ရတာကြိုက်ရင်တော့ အဖြူရောင်ဆိုးပြီး ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ အရမ်းမိုက်ပြီးလှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အဖြူပေါ်မှာ ရွှေရောင်ကို ကပ်ထားတာဖြစ်လို့ ထင်းပြီး အရမ်းလှပါတယ်။ ပွဲတွေတက်ဖို့ရှိရင် ရွေးချယ်သင့်တဲ့ လက်သည်းဒီဇိုင်းပါပဲ။

Photo source:www.pinterest.com