ဆံသားဖြောင့်ဆင်းနေတာမျိုးလေး ကြိုက်ပေမယ့် ဆိုင်တွေမှာသွားဖြောင့်သလိုမျိုးကိုလည်း မကြိုက်တဲ့သူတွေအတွက် သဘာဝအတိုင်း ဆံသားဖြောင့်ဆင်းနေသလိုလေး ဖြစ်စေမယ့် hair mask (၅) မျိုးကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာပဲ အလွယ်တကူလုပ်လို့ရတဲ့ hair mask တွေဖြစ်တာကြောင့် လူတိုင်းလုပ်ရတာ အဆင်ပြေမှာပါ။

သံလွင်ဆီနဲ့ကြက်ဥ

သံလွင်ဆီ – စားပွဲတင်ဇွန်း ၄ ဇွန်းနဲ့ ကြက်ဥ – ၂ လုံးကို ရောမွှေပြီး ဆံသားမှာလိမ်းပေးပါ။ တစ်နာရီထားပြီးရင် mild shampoo နဲ့ ခေါင်းလျှော်ပေးပါ။ ဒီ hair mask ကတော့ ဆံသားနူးညံ့ပျော့ပြောင်းစေပြီး ဆံသားအတွက်လိုအပ်တဲ့ moisture ကို ဖြည့်တင်းပေးပါတယ်။ ဆံသားဖွာတာတွေကို သက်သာစေပြီး ဆံသားဖြောင့်ဆင်းစေပါတယ်။

ငှက်ပျောသီး၊ ဒိန်ချဉ်၊ ပျားရည်၊ သံလွင်ဆီ

ငှက်ပျောသီးအမှည့် – ၂ လုံး၊ ဒိန်ချဉ် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပျားရည် – စားပွဲတင်ဇွန်ူ ၂ ဇွန်း၊ သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို ရောမွှေပြီး ဆံသားအနှံ့လိမ်းပေးပါ။ မိနစ် ၃၀ ထားပြီးရင် ခေါင်းလျှော်လိုက်ရုံပါပဲ။ ဒီ hair mask ကတော့ ဆိုင်တွေမှာ ပေါင်းတင်သလို result မျိုးရစေပါတယ်။ ဆံသားသန်စွမ်းစေပြီး နူးညံ့ပျော့ပြောင်းစေတယ်၊ ဆံသားဖြောင့်ဆင်းစေပါတယ်။

ငှက်ပျောသီးနဲ့သင်္ဘောသီး

ငှက်ပျောသီးအမှည့် – ၁ လုံးနဲ့ သင်္ဘောသီး – ၁ စိတ်ကို ရောချေပြီးမွှေပေးပါ။ ပြီးရင်တော့ ဆံသားအနှံ့သေချာလိမ်းပြီး ၁ နာရီခွဲထားပါ။ အချိန်ပြည့်ရင် ခေါင်းလျှော်ရုံပါပဲ။ ဒီ hair mask ကတော့ ဆံသားအတွက်လိုအပ်တဲ့ moisture နဲ့ hydrate ဓာတ်ကိုရစေပြီး ဆံသားဖြောင့်ဆင်းစေပါတယ်။ နူးညံ့ပျော့ပြောင်းစေပါတယ်။

ဆန်မှုန့်၊ ကြက်ဥ၊ နွားနို့

ဆန်မှုန့် – စားပွဲတင်ဇွန်း ၅ ဇွန်း၊ ကြက်ဥအကာ (အနှစ်ကိုဖယ်ထုတ်ထားပါ) – ၁ လုံး၊ နွားနို့ – ၄ ပုံ ပုံ ၁ ပုံစာ တို့ကို ရောမွှေပြီး ဆံသားအနှံ့လိမ်းထားပါ။ တစ်နာရီလောက်ထားပြီးရင် ခေါင်းလျှော်ချလိုက်ပါ။ ဒီ hair mask ကတော့ ဆံသားဖြောင့်ဆင်းစေရုံတင်မဟုတ်ပဲ ပျက်စီးနေတာတွေပါ သက်သာစေပါတယ်။

TRESemmé Keratin Smooth Deep Smoothing Mask

အပေါ်မှာပြောခဲ့တဲ့ သဘာဝနည်းလမ်းတွေနဲ့ hair mask လုပ်ဖို့ အချိန်မပေးနိုင်ရင် TRESemmé Keratin Smooth Deep Smoothing Mask ကိုသာဝယ်သုံးပါ။ ခေါင်းလျှော်ပြီး ဆံသားမှာ သေချာလိမ်းပြီး ၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် ရေသေချာပြန်ဆေးချရုံပါပဲ။ ဒီ hair mask ကတော့ ဆံသားဖြောင့်ဆင်းပြီး ပျော့ပြောင်းစေတယ်၊ ဆံသားတောက်ပြောင်စေပါတယ်။