အားလုံးပဲမင်္ဂလာပါနော်။ မျက်နှာလေးက ပိန်ပိန်သွယ်သွယ်လေးနဲ့ နည်းနည်းလေးရှည်တဲ့သူတွေက ဆံပင်အတိုလေးနဲ့ ချစ်စရာကောင်းပါတယ်။
ဆံပင်အတိုလေးဆိုရင် မျက်နှာဝိုင်းတဲ့သူ၊ မျက်နှာအနေတော်လောက်အနေအထားရှိတဲ့သူလောက်ပဲ လိုက်တယ်လို့ ထင်ကြပါတယ်။
ဒါပေမယ့် မျက်နှာ ပိန်ပိန်သွယ်သွယ်နဲ့ ရှည်တဲ့သူတွေနဲ့လည်းလိုက်ဖက်ပါတယ်။
ကိုရီးယား အဆိုတော်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Yoona ကလည်း ပိန်ပိန်သွယ်သွယ်လေးဆိုတော့ သူ့ရဲ့ ဆံပင်ပုံစံလေးတွေကလည်း မြန်မာပြည်က ပိန်ပိန်သွယ်သွယ်နဲ့ ကောင်မလေးတွေအတွက် အဆင်ပြေမယ်လို့ယုံကြည်ပါတယ်။
ဆံပင်ပုံစံလေးတွေက အရမ်းအဆန်းကြီးမဟုတ်သလို ရိုးရိုးလေးနဲ့ လှနေတာဆိုတော့ ဘယ်လိုပုံလေးတွေလဲဆိုတာကို အခုပဲကြည့်လိုက်ရအောင်နော်။
Photo:Pinterest