Loose powder ဆိုရင် မိတ်ကပ်လိမ်းပြီး အပေါ်ကနေ ထပ်ပုပ်ရတဲ့အရာလို့ပဲ မြင်ကြတာများပါတယ်။ တကယ်တော့ သုံးတတ်ရင် တခြားနေရာတွေမှာပါ အသုံးချလို့ရပါတယ်။ ဒါကြောင့် loose powder ကို မျက်နှာအတွက်တင်မဟုတ်ပဲ တခြားနေရာတွေအတွက်ပါ သုံးလို့ရတဲ့ နည်းလမ်း ၇ ခုကို မျှဝေပေးလိုက်ပါတယ်။

Setting Powder အဖြစ်သုံးခြင်း

ဒါကတော့ အားလုံးသိပြီးသားပါ။ Loose powder ကို မိတ်ကပ်လိမ်းပြီး setting powder အနေနဲ့ သုံးပါတယ်။ ဒီလိုသုံးပေးခြင်းက မိတ်ကပ်ကွက်တာ၊ ရွေ့တာမျိုးတွေမဖြစ်ပဲ မိတ်ကပ်သားကြာရှည်ခံစေပါတယ်။

မျက်တောင်ထူစေဖို့

Loose powder ကို မျက်တောင်မှာသုတ်ပေးပြီးမှ mascara နဲ့ မျက်တောင်ကော့မယ်ဆိုရင် မျက်တောင်လေးတွေ ပုံမှန်ထက်ပိုထူစေပါတယ်။

Matte Lipstick ရဖို့အတွက်သုံးခြင်း

Matte lipstick ဆိုးချင်ပေမယ့် ကိုယ့်မှာမရှိဘူးဆိုရင် ရှိတဲ့ liquid type, lip gloss တွေကိုလည်း matte type ရအောင်ဆိုးလို့ရပါတယ်။ အရင်ဆုံး နှုတ်ခမ်းမှာ loose powder ကိုသာ သုတ်လိမ်းလိုက်ပါ။ ပြီးရင် ကိုယ်ဆိုးချင်တဲ့နှုတ်ခမ်းနီ ဆိုးလိုက်ပါ။ ပြီးရင်တော့ တစ်ရှူးကို နှုတ်ခမ်းနှစ်ခုကြားမှာ ညှပ်လိုက်ရင် သိပ်သိပ်လေးဖြစ်ပြီး matte lipstick ဆိုးထားသလို ဖြစ်သွားပါလိမ့်မယ်။

Dry Shampoo အဖြစ်သုံးခြင်း

ဆံပင်စေးကပ်နေလို့ ခေါင်းမလျှော်ချင်ရင် loose powder ကို ဆံပင်ထပ်လေးတွေမှာလိမ်းပေးပြီး dry shampoo အဖြစ်နဲ့ သုံးလို့ရပါတယ်။

Eyeshadow Blend လုပ်ခြင်း

Eyeshadow ခြယ်တာလက်လွန်သွားလို့ပဲဖြစ်ဖြစ်၊ အရောင်အရမ်းတောက်သွားလို့ အရောင်ပြန်ချချင်ရင်ပဲဖြစ်ဖြစ် loose powder ကို brush နဲ့ယူပြီး eyeshadow ကို blend လုပ်ပေးလိုက်ပါ။

Eyeliner ကြာရှည်ခံဖို့

Eyeliner ဆွဲထားတာမပျက်ပဲ ကြာရှည်ခံချင်ရင် eyeliner မဆွဲခင် မျက်ခွံမှာ loose powder ပုပ်လိမ်းထားပါ။ ပြီးမှ eyeliner ဆွဲပါ။

ပါးနီခြယ်တာများသွားရင်အရောင်ပြန်ကျအောင်လုပ်ဖို့

ပါးနီခြယ်တာများသွားလို့ အရမ်းတောက်သွားရင် လက်တွေနဲ့ပွတ်ပြီးမဖျက်ပါနဲ့ loose powder ကို brush နဲ့ယူပြီး ပါးနီခြယ်ထားတဲ့နေရာကို blend လုပ်ပေးရင် အရောင်ပြန်ကျသွားပါလိမ့်မယ်။