နွေရာသီမှာ အရမ်းပူတဲ့အတွက် အရင်လို skincare step တွေအများကြီး လိမ်းမိရင်လည်း ချွေးပေါက်ပိတ်တာ၊ အဆီဖု၊ ဝက်ခြံထွက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် နွေရာသီအတွက် မရှိမဖြစ်လိုအပ်တဲ့ ဒီ skincare 6 မျိုးကိုသာ သေချာလိမ်းပေးဖို့ လိုပါတယ်။
Double Cleansing
နွေရာသီမှာ ချွေးနဲ့ ဖုန်မှုန့် အညစ်အကြေးတွေ အရမ်းကပ်တဲ့အတွက် double cleansing လုပ်ပေးဖို့ လိုပါတယ်။ တစ်နေ့ ၂ ကြိမ် မျက်နှာသစ်ဖြစ်အောင်လည်း သစ်ပေးပါ။
Toner
ဘယ်လိုရာသီမျိုးမှာပဲဖြစ်ဖြစ် toner လိမ်းဖို့လိုပါတယ်။ Toner ကိုတော့ လိမ်းရတာပေါ့ပါးမှုရှိစေမယ့် hydrating toner မျိုးပဲ သုံးပေးတာကောင်းပါတယ်။ မနက်၊ ည ပုံမှန်လိမ်းပေးပါ။
Moisturizer
Toner လိုပဲ moisturizer ကလည်း ဘယ်လိုရာသီမျိုးမှာပဲဖြစ်ဖြစ် လိမ်းဖို့လိုပါတယ်။ နွေရာသီမှာတော့ moisturizer ကို heavy ဖြစ်တာတွေမလိမ်းပဲ gel type မျိုးလိမ်းပေးတာက ပိုကောင်းပါတယ်။
Sunscreen , Sun Spray
နွေရာသီအတွက် အရေးအကြီးဆုံးကတော့ sunscreen နဲ့ sun spray ပါပဲ။ မနက် ၁၀ နာရီနောက်ပိုင်းကစပြီး အပြင်ပဲသွားသွား၊ အိမ်မှာပဲနေနေ sunscreen လိမ်းပေးပါ။ ၄ နာရီခြားတစ်ခါ reapply လုပ်ပေးပါ။ Sunscreen ထပ်ထပ်လိမ်းဖို့ကျ အဆင်မပြေတော့ sun spray ဖြန်းပေးတာက ပိုအဆင်ပြေပါတယ်။ ဒါကြောင့် sun spray လည်း ဆောင်ထားသင့်ပါတယ်။
Facial Mist
နွေရာသီမှာပူတဲ့အတွက် အသားအရေက မွဲခြောက်တာမျိုး၊ ညစ်သလိုခံစားရတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုအချိန်မှာ facial mist လေးဖြန်းလိုက်ရင် hydrating ပြည့်ဝစေပြီး လန်းဆန်းသွားတဲ့ feeling မျိုး ရစေပါတယ်။
Exfoliating
နွေရာသီမှာ ဖုန်မှုန့်၊ အညစ်အကြေးတွေနဲ့ ချွေးနဲ့ရောပြီး ဂျီးဖြစ်စေတာကြောင့် အသားအရေညစ်တာ၊ အဆီဖု၊ ဝက်ခြံထွက်တာမျိုးတွေ၊ ချွေးပေါက်ပိတ်တာမျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် exfoliating လုပ်ပေးဖို့ လိုပါတယ်။ တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးသင့်ပါတယ်။