Girly type ကြိုက်တဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ ဂါဝန်လေးတွေဝတ်ပြီး ဓာတ်ပုံရိုက်တဲ့အခါမှာ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းနေစေမယ့် ပို့စ်ပေးနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

အနီးအနားမှာပန်းရှိရင် ပန်းကိုကောက်ကိုင်ပြီး လက်တစ်ဖက်က ဂါဝန်စလေးကိုကိုင်၊ မျက်နှာကအောက်ကိုငုံ့ပြီး လမ်းလျှောက်လာမယ့်ပုံစံလေး ရိုက်ကြည့်ပါ။ ဂါဝန်ရှည်လေလှလေပါပဲ။

ဂါဝန်ရှည်လေးဝတ်ထားရင် ပိုက်ဆံအိတ်ကို ဘေးမှာချပြီး ဒီလိုလေး ခြေထောက်ချိန်ထိုင်ပါ။ မျက်နှာထားက ရယ်နေတာပဲဖြစ်ဖြစ်၊ ပြုံးနေတာပဲဖြစ်ဖြစ် လုပ်ပေးပါ။ အရမ်းလှပြီး ချစ်ဖို့လည်းကောင်းပါတယ်။

ဂါဝန်တိုလေးဝတ်ပြီး ဒေါက်ဖိနပ်လေးစီးထားရင်တော့ ဘေးတစ်စောင်းနေပြီး လက်လေးနဲ့ မျက်နှာထားကို ပုံမှာပြထားတဲ့အတိုင်းလေးလုပ်ပြီး ပို့စ်ပေးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဖိနပ်အပါးလေးပဲစီးထားပြီး ဂါဝန်တိုလေးဝတ်ထားရင်တော့ ဒီလိုပုံစံလေးသာ ပို့စ်ပေးကြည့်ပါ။ ပေါ့ပါးတဲ့ပုံစံလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။

ထိုင်ခုံမှာထိုင်ပြီး ဒီလိုလေးပို့စ်ပေးတာမျိုးကျတော့ မိန်းကလေးဆန်ပြီး အရမ်းလှပါတယ်။ Portrait ရိုက်မယ်ဆိုရင် ပိုတောင်လှပါသေးတယ်။

ဒီလိုပို့စ်လေးဆိုလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ Cute type လေးတွေကြိုက်ရင် ဒီလိုလေးသာ ပို့စ်ပေးရိုက်ကြည့်ပါ။

ဂါဝန်အပွလေးတွေဝတ်ပြီး sneakers စီးထားရင် လက်တစ်ဖက်က ပိုက်ဆံအိတ်ကိုကိုင်ပြီး ဒီလိုလေးပို့စ်ပေးကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

ရယ်တာလှရင် ဒီလိုလေးသာပို့စ်ပေးပြီး ရယ်နေပါ။ လွတ်လပ်ပေါ့ပါးတဲ့ပုံစံလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

တစ်ကိုယ်လုံးပုံမရိုက်ချင်ရင် အနီးကပ်ပုံတွေကို ဒီလိုလေးတွေပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ မိန်းကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

photo source:www.pinterest.com