မနက်ခင်းမှာ ကော်ဖီသောက်ရင် စိတ်လန်းဆန်းသွားစေပါတယ်။ မနက်ခင်းမှာ ယောဂကျင့်ပေးရင်၊ လေ့ကျင့်ခန်းလုပ်ပေးရင်တော့ စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွပြီး energy ပိုကောင်းလာစေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ဖို့အထိလည်း အချိန်မရတဲ့သူတွေ၊ ပင်ပန်းတာမခံနိုင်တဲ့သူတွေအတွက် ကော်ဖီသောက်တာထက်ပိုပြီး energy ကိုမြှင့်တင်ပေးနိုင်တဲ့ မနက်ခင်းယောဂကျင့်စဉ် ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ယောဂကျင့်စဉ် ၁

ပုံမှာပြထားတဲ့ child’s pose ယောဂကျင့်စဉ်အတိုင်းနေပြီး အသက်ကိုရှိုက်ရှူလိုက်၊ ခပ်ပြင်းပြင်းပြန်ထုတ်လိုက်နဲ့ မျက်စိတ်မှိတ်ပြီး ၁ မိနစ်လောက်နေပေးပါ။

ဒီယောဂကျင့်စဉ်က သွေးလည်ပတ်မှုကောင်းမွန်စေပြီး ခေါင်းကြည်စေပါတယ်။ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ အားလုံးပြေပျောက်သွားစေပါတယ်။

ယောဂကျင့်စဉ် ၂

ပုံမှာပြထားတဲ့ warrior pose ယောဂကျင့်စဉ်အတိုင်း စက္ကန့် ၃၀ နေပေးပါ။ အချိန်ပြည့်ရင် ဘယ်ညာပြောင်းပြီး စက္ကန့် ၃၀ ထပ်နေပေးပါ။

ဒီယောဂကျင့်စဉ်က အညောင်းအညာပြေစေပြီး ပေါ့ပါးသွားစေပါတယ်။ သွေးလည်ပတ်မှု ပိုကောင်းစေပြီး body energy ထုတ်လုပ်မှု ပိုကောင်းလာစေပါတယ်။ တစ်နေ့တာလုံး active ဖြစ်စေဖို့လည်း ကူညီပေးပါတယ်။

ယောဂကျင့်စဉ် ၃

ပုံမှာပြထားတဲ့ bow pose ယောဂကျင့်စဉ်အတိုင်း စက္ကန့် ၃၀ ရအောင်နေပေးပါ။ ခြေထောက်ကို ပုံထဲကလောက်မလုပ်နိုင်လည်း ကိုယ်လုပ်နိုင်သလောက် အနေအထားသာ လုပ်ပေးပါ။ လုပ်ရင်းနဲ့မှ ကြာလာရင် ရသွားပါလိမ့်မယ်။ အချိန်ပြည့်ရင် ခဏရပ်ပြီး နောက်ထပ် စက္ကန့် ၃၀ ထပ်လုပ်ပေးပါ။

ဒီယောဂကျင့်စဉ်ကတော့ ကြွက်သားတောင့်တင်းနေတာတွေ ပြေလျော့စေပြီး ဝမ်းချုပ်တာ၊ ဓမ္မတာလာခါနီးကိုက်ခဲတာတွေ သက်သာစေပါတယ်။

ယောဂကျင့်စဉ် ၄

ပုံမှာပြထားတဲ့ eagle pose ယောဂကျင့်စဉ်အတိုင်း စက္ကန့် ၃၀ နေပေးပါ။ အချိန်ပြည့်ရင် ခြေထောက်ကို ဘယ်ညာပြောင်းလိမ်ပြီး စက္ကန့် ၃၀ ထပ်လုပ်ပေးပါ။

ဒီယောဂကျင့်စဉ်က စိတ်ဖိစီးမှုတွေ လျော့ကျစေပြီး စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေပါတယ်။ ညောင်းညာတာ၊ ထိုင်းမှိုင်းတာတွေလည်း သက်သာစေပါတယ်။ Body ဟန်ချက်လည်း ညီလာစေပါတယ်။

ယောဂကျင့်စဉ် ၅

ပုံမှာပြထားတဲ့ triangle pose ယောဂကျင့်စဉ်အတိုင်း စက္ကန့် ၃၀ နေပေးပါ။ အချိန်ပြည့်ရင် ဘယ်ညာပြောင်းပြီး နောက်ထပ် စက္ကန့် ၃၀ ထပ်နေပေးပါ။ ခြေထောက်၊ ခါး၊ လက်ကို ပုံမှာပြထားတဲ့အတိုင်း အားလုံးဆန့်ထုတ်ထားပြီး တန်းနေအောင် လုပ်ရပါမယ်။

ဒီယောဂကျင့်စဉ်က ကြွက်သားတွေ တင်းနေတာပြေလျော့စေပြီး အညောင်းအညာပြေစေတယ်၊ relax ဖြစ်ကာ ပေါ့ပါးလန်းဆန်းစေတယ်၊ energy ပိုကောင်းလာစေတယ်၊ mood ပိုကောင်းပြီး စိတ်ကြည်လင်စေပါတယ်။