ကိုရီးယားမလေးတွေ ဆိုးနေကျပုံစံလေးဖြစ်တဲ့ အတွင်းသားလေးက ပိုရင့်နေတာမျိုး၊ ပိုရဲနေတာမျိုးကို gradient lip look လို့ခေါ်ပါတယ်။ ဒီလို gradient lip look ဆိုးတဲ့အခါမှာ သပ်သပ်ရပ်ရပ်နဲ့ သူတို့ဆိုးသလို တစ်ထေရာတည်းရစေဖို့၊ လှနေစေဖို့ ဘယ်လိုဆိုးရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

Lip Balm အရင်ဆိုးပါ

အရင်ဆုံး နှုတ်ခမ်းမှာ lip balm ဆိုးပေးပါ။ ဒါမှ နှုတ်ခမ်းသားနူးညံ့ပြီး နှုတ်ခမ်းသားကိုလည်း moisture ပေးနိုင်မှာပါ။

တစ်ရှူးနဲ့သုတ်ပါ

Lip balm ဆိုးပြီးရင် တစ်ရှူးနဲ့ ဖြေးဖြေးလေးပွတ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက ဆဲလ်သေတွေဖယ်ရှားပေးပြီး နှုတ်ခမ်းသားနူးညံ့စေတယ်၊ ချောမွေ့စေတယ်၊ နှုတ်ခမ်းအဖတ်လန်တာ၊ ခြောက်တာတွေ သက်သာစေပါတယ်။ နှုတ်ခမ်းနီဆိုးရင်လည်း ပိုလှစေပါတယ်။

Foundation နည်းနည်းသုံးပေးပါ

နှုတ်ခမ်းပေါ်ကို လက်ချောင်း (သို့) brush နဲ့ foundation နည်းနည်းသုံးပေးပါ။ ဒီလိုလုပ်ပေးခြင်းက ကိုယ်လိုချင်တဲ့ နှုတ်ခမ်းနီကာလာကို အလွယ်တကူရစေသလို ပုံဖော်ဖို့လည်း လွယ်ကူစေတယ်၊ နှုတ်ခမ်းနီလည်း ကြာရှည်ခံစေတယ်၊ နှုတ်ခမ်းသားမဲတာကိုလည်း cover လုပ်ပေးနိုင်ပါတယ်။

နှုတ်ခမ်းအတွင်းသားကိုဆိုးပါ

ကိုယ်ဆိုးချင်တဲ့နှုတ်ခမ်းနီကို နှုတ်ခမ်းတစ်ပြင်လုံးမဆိုးပဲ အတွင်းသားကိုပဲ ဆိုးပေးပါ။ ဆိုးတဲ့အခါမှာ နှုတ်ခမ်းဘေးထောင့်တွေအထိ ရောက်အောင်ဆိုးပေးပါ။ လက်ချောင်း (သို့) brush နဲ့ဆိုးပေးရင် ပိုကောင်းပါတယ်။

Cotton swab နဲ့ဖြန့်ပါ

Cotton swab လေးနဲ့ နှုတ်ခမ်းအတွင်းသားမှာ ဆိုးထားတာတွေကို နှုတ်ခမ်းအပြင်ဘက်ကို ဖြန့်ပြီးညှိုပေးပါ။ ပြီးရင် လက်လေးနဲ့ပွတ်ပေးပါ။

ဒါဆိုရင်တော့ ကိုရီးယားမလေးတွေ ဆိုးနေကျပုံစံ gradient lip look လေး ရရှိသွားပြီပဲဖြစ်ပါတယ်။