ချစ်သူရှိပြီး ပျော်စရာမကောင်းပဲ အမြဲစိတ်ဆင်းရဲနေရရင် တစ်ယောက်ထဲနေတာကမှ ပိုကောင်းပါသေးတယ်။ ဒါကြောင့် ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ပြန်လည်ရှာဖွေနိုင်ဖို့အတွက် ဆက်ပြီးဖက်တွယ်မနေသင့်တော့တဲ့ relationship အမျိုးအစားတွေကို ပြောပြပေးလိုက်ပါတယ်။
အမြဲစိတ်ဆင်းရဲပြီးငိုနေရတဲ့ Relationship
ကိုယ်ရွေးချယ်ထားတဲ့ relationship က အမြဲတမ်းစိတ်ဆင်းရဲပြီး ငိုနေရရင် ဘာအတွက်ဆက်ပြီး ဖက်တွယ်နေအုံးမှာလဲ။ သေချာပြန်စဉ်းစားပြီး လမ်းခွဲသင့်ရင် လမ်းခွဲရမှာပါပဲ။ တစ်ယောက်ဖြစ်မှာမကြောက်ပါနဲ့။ တစ်ယောက်ထဲနေပြီး ပျော်ရွှင်မှုကိုရှာဖွေလို့ရပါတယ်။ ဒီလူတစ်ယောက်ထဲနဲ့ပဲ ကိုယ့်စိတ်၊ ကိုယ့်ဘဝကို နစ်မွန်းမခံပါနဲ့။
ကိုယ့်အပေါ်သစ္စာမရှိတဲ့ Relationship
ကိုယ့်ရွေးချယ်ထားတဲ့ချစ်သူက ကိုယ့်အပေါ်မှာ သစ္စာမရှိမှတော့ ဆက်တွဲနေစရာ အကြောင်းလည်း မရှိတော့ပါဘူး။ လွှတ်ချခဲ့ရမှာပါပဲ။ တစ်ခါသစ္စာဖောက်ဖူးတဲ့သူက နောက်လည်းထပ်ပြီး သစ္စာဖောက်ဖို့ကို ဝန်လေးမှာမဟုတ်ပါဘူး။
ကိုယ့်အပေါ်တကယ်မချစ်မှန်းသိနေတဲ့ Relationship
ကိုယ်တွဲနေတဲ့သူက ကိုယ့်အပေါ်တကယ်ချစ်လား၊ မချစ်ဘူးလားဆိုတာ သိသာပါတယ်။ ဒါကြောင့် ကိုယ့်အပေါ် တကယ်မချစ်မှန်းသိနေရင် ကိုယ့်ဘက်က ဘယ်လောက်ချစ်ချစ် စွန့်လွှတ်နိုင်အောင်သာ ကြိုးစားပါ။ ကိုယ့်အပေါ်တကယ်မချစ်တဲ့သူအတွက် အချိန်ကုန်မခံပါနဲ့။ စိတ်ပင်ပန်းမခံပါနဲ့။
ကိုယ့်ကိုအမြဲနာကျင်စေတဲ့ Relationship
ကိုယ့်စိတ်ကို အမြဲနာကျင်စေတဲ့ relationship မျိုး၊ ကိုယ့်ကိုအသားနာကျင်အောင် ကိုယ်ထိလက်ရောက် လုပ်တတ်တဲ့သူမျိုးကို ဖက်တွယ်နေရင် စိတ်ရောလူပါ ပင်ပန်းရပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုအမြဲနာကျင်စေတဲ့ ဘယ်အရာကိုမဆို စွန့်လွှတ်ပစ်ပါ။ ကိုယ့်ပျော်ရွှင်မှုက ကိုယ့်အပေါ်မှာမူတည်သလို၊ ကိုယ့်ရွေးချယ်မှုအပေါ်မှာပဲ မူတည်ပါတယ်။