အနုပညာဟာ လူ့အသိုင်းအဝိုင်းနဲ့ အချိန်ကာလတွေရဲ့ ထင်ဟပ်မှုဖြစ်ပြီးတော့ အရာရာပြီးပြည့်စုံတဲ့ကမ္ဘာကြီးမှာ နေထိုင်နေတာမဟုတ်ဘူးဆိုတဲ့ အမှန်တရားကို လက်ခံနိုင်အောင် ကြိုးစားသင့်ပါတယ်။ နိုင်ငံတကာက ပုံရေးပန်းချီဆရာတွေဟာဆိုရင်လည်း သူတို့ရဲ့ ကိုယ်ပိုင်အနုပညာလက်ရာတွေကို အသုံးချပြီးတော့ ယနေ့ ကျွန်မတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သရုပ်ဖော်ရေးဆွဲခဲ့ကြပါတယ်။
တချို့က ပတ်ဝန်းကျင်က ပြဿနာတွေကို ရေးဆွဲဖော်ပြရင်း ကျွန်မတို့ရဲ့အာရုံကို ဆွဲဆောင်ကြသလို တချို့ကျတော့လည်း နေ့စဥ◌်ဘဝက လူမှုရေးခွဲခြားဆက်ဆံမှုတွေရဲ့ ဆိုးဆိုးရွားရွားရလဒ်တွေကို မီးမောင်းထိုးပြရင်း ပိုပြီးပွင့်လင်းမြင်သာလာစေဖို့နဲ့ အဖြေတွေရှာတွေ့နိုင်ဖို့ ရည်ရွယ်ရင်း ရေးဆွဲကြတာလည်းဖြစ်ပါတယ်။
ဒီနေ့ရဲ့ဆောင်းပါးလေးမှာတော့ ယနေ့ခေတ်ကြီးထဲမှာ လူတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖော်ပြရင်းနဲ့ အားလုံးအတူတူ အဖြေထုတ်နိုင်ဖို့ မျှော်လင့်ပါတယ်။
အခြေအနေ အချိန်အခါ မှားယွင်းပြီး ကဲ့ရဲ့ရှုံ့ချနေတဲ့ လူ့အသိုင်းအဝိုင်း
ကိုယ့်ကလေးငြိမ်ရင်ပြီးရောဆိုပြီး လွှတ်ထားပေးတတ်တဲ့ မိဘတွေ
ငယ်စဥ◌်ကတည်းက မိဘရဲ့ကြိုးဆွဲရာကနေရတဲ့ သားသမီးဘဝ
Gym ဆော့ဖို့ သွားနေကြသူများ
ကွဲပြားခြားနားတဲ့ ရှုထောင့်နှစ်ခုကနေပြီး မြင်တွေ့ရမယ့် တူညီတဲ့ဆန္ဒ
ကလေးသူငယ်ဆိုတာ ပြေးလွှားဆော့ကစားရမယ့် အရွယ်ပါ၊ ဝမ်းရေးအတွက် ခိုင်းစားဖို့မဟုတ်ပါဘူး
Image Source: BrightSide