နေရောင်ခြည်ကို နေလောင်ကာ ခရင်လိမ်းပြီး ကာကွယ်ရတာ မှန်ပေမယ့် အပြင်သွားရင်တော့ Sunscreen တစ်မျိုးတည်းနဲ့ မလုံလောက်ပါဘူး။ နေကာတဲ့ ထီးဆောင်းတာ၊ ဦးထုပ်ဆောင်းတာ၊ မျက်မှန်တပ်တာ စတဲ့ အရာတွေကိုပါ ထပ်တိုးလုပ်ပေးရပါတယ်။ ဦးထုပ်တွေက နေပူတဲ့ အချိန်မှာ အသုံးအဝင်ဆုံး အပေါ့ပါးဆုံး သက်တောင့်သက်သာ အဖြစ်ဆုံး ဖက်ရှင်ပါပဲ။ ဒီတစ်ခေါက်မှာတော့ ဦးထုပ်ဆောင်းလိုက်မှ ရှိုးပဲ့သွားတာမျိုး မဟုတ်ဘဲ ဒီဦးထုပ်ဝတ်လိုက်မှ ဖက်ရှင်ပိုမိုက်သွားစေမယ့် ဦးထုပ် ပုံစံတွေကို ဖော်ပြလိုက်ပါတယ်။
အသားအရောင် ဦးထုပ်အဝိုင်း။ ဦးထုပ်နဲ့ အရောင်တူတဲ့ အိတ်ကလေး လွယ်ရင်တော့ ပိုပြည့်စုံသွားမှာပါ။
ဦးထုပ်အဝိုင်း အနက်လေးက အဝတ်အစားတိုင်းလိုလိုနဲ့ လိုက်ဖက်တဲ့ Accessories ပါ။
Baseball Cap တွေကတော့ မပြောလည်း မဖြစ်မနေ ဆောင်ထားသင့်တဲ့ အရာပါ။ Baseball Cap နဲ့ လိုက်ဖက်တဲ့ ဝတ်စုံတွေကတော့ ဘောင်းဘီရှည်၊ ပေါ့ပေါ့ပါးပါး ဘောင်းဘီတိုတို့ပဲ ဖြစ်ပါတယ်။
Bucket Hat တွေက ခပ်မိုက်မိုက် စတိုင် ဝတ်တတ်တဲ့ ပျိုမေတို့နဲ့ လိုက်ဖက်ပါတယ်။ ဒါပေမဲ့ Bucket Hat တွေက နေသိပ်မလုံတာကြောင့် နေကာ မျက်မှန်လေးနဲ့ ဆို ပိုအဆင်ပြေမှာပါ။
သင်က အဖြူဝတ်စုံ ပိုင်ဆိုင်ထားတယ်ဆိုရင် ပုံထဲကလို ဦးထုပ်အဖြူလေး တစ်လုံး မဖြစ်မနေ လိုအပ်ပါတယ်။
အပေါ်က ကြိုးပတ်ပါတဲ့ ဦးထုပ်လေးတွေက သင့်ရဲ့ မျက်နှာကို ပိုထင်ရှားစေပါတယ်။ ဒီဦးထုပ်နဲ့ လိုက်ဖက်တာကတော့ ပေါ့ပေါ့ပါးပါး ဂါဝန်လေးတွေပါ။
Photo Source: Pinterest
By MyStyle Myanmar










