MyStyle Myanmar စာဖတ်သူတွေ အားလုံးမင်္ဂလာပါ။

ရာသီဥတုက တဖြည်းဖြည်းနဲ့ ပိုအိုက်လာပြီနော်။ ဆံပင်ရှည်ထားတဲ့ မိန်းကလေးတွေဆိုရင် ညှပ်ပစ်ချင်စိတ်တွေ တဖွားဖွားပေါ်လာမယ့် အချိန်တွေ ရောက်လာပါပြီ။ ဆံပင်အတိုက ပေါ့ပေါ့ပါးပါး ရှိပြီး Less Maintenance စတိုင်ပဲ ဖြစ်ပါတယ်။ ဆံပင်အရှည်ကို အများကြီး တိုသွားတာမျိုး မဟုတ်ဘဲ ညှပ်ချင်တယ်ဆိုရင် ဂုတ်ထောက် ဆံပင်ပုံစံက သင့်တော်ပါတယ်။ အခုဖော်ပြထားတဲ့ ဆံပင်စတိုင်တွေက နွေရာသီနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်တွေလို့ ပြောလို့ရပါတယ်။ ဘယ်လိုပုံစံလေးတွေက သင့်မျက်နှာပုံစံနဲ့ လိုက်မလဲ ရွေးကြည့်လိုက်ပါနော်။

အောက်ဘက်ကို ကွေးကွေးလေးသွားတဲ့ ဆံပင်တိုပုံစံ

ယောက်ျားဆန်ဆန် ဂုတ်ထောက်ဆံပင်ပုံစံ လိုချင်သူတို့အတွက်

အတိုကိုမှ အောက်ဘက် ဝိုက်ဝိုက်လေး

အလွှာလေးနဲ့ ညှပ်ချင်သူတွေအတွက်

မိန်းကလေးတိုင်းလိုလိုနဲ့ လိုက်ဖက်မယ့် ဂုတ်ထောက် ဆံပင်တို ပုံစံ


အကောက်လေးလိုချင်တဲ့ ပျိုမေတို့အတွက် ဂုတ်ထောက် ဆံပင်ပုံစံ

သင်ညှပ်မယ်လို့ စဉ်းစားထားတဲ့ ဆံပင်တိုပုံစံ ရှိလား။ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar