မိတ်ကပ်လိမ်းတာက တခြားသူတွေရဲ့ နည်းလမ်းတွေကို လေ့လာရင်း၊ တဖြည်းဖြည်း လေ့ကျင့်ရင်းနဲ့မှ ဆရာကျလာတာပါ။ အလွယ်တကူတော့ အပြစ်ပြောစရာမရှိတဲ့ မိတ်ကပ် Look ကို မရနိုင်ပါဘူး။ ဒီတစ်ခေါက်မှာတော့ မိတ်ကပ်လိမ်းနေကျ မိန်းကလေးတွေ သိထားသင့်တဲ့ မိတ်ကပ် Hack (၅) မျိုးကို ဖော်ပြပါရစေ။

၁။ Powder လိမ်းတဲ့အခါ

Photo Source: Joom

Powder လိမ်းတဲ့အခါ မိန်းကလေးတွေ အများစု လုပ်တတ်တာက Baking သဘော လိမ်းပြီး အကြာကြီး ထားတတ်တာပါ။ ဒီလို ထားလိုက်တဲ့အခါ မျက်နှာကို ပိုလင်းသွားစေပြီး အဆီပြန်တာ လျော့စေပါတယ်။ ဒါပေမဲ့ ဒီလို Baking ထားမယ့်အစား Beauty Sponge ကို သုံးသင့်ပါတယ်။ မျက်လုံးအောက် ပေါင်ဒါနဲ့ Beauty Sponge သုံးလိုက်တဲ့အခါ မိတ်ကပ်သား သိပ်သိပ်လေး ပိုင်ဆိုင်စေပါတယ်။

၂။ မိတ်ကပ်လိမ်းပြီးနောက်

Photo Source: Blushin

မိတ်ကပ်လိမ်းပြီးနောက် မိတ်ကပ်သား မညီတာ၊ ခြောက်ခြောက်ကြီး ဖြစ်နေတာမျိုး မကြုံရအောင် နောက်ဆုံးအဆင့်အနေနဲ့ Sponge မှာ Setting Spray လေး ဖြန်းပြီး မျက်နှာကို ပုတ်ပေးသင့်ပါတယ်။ ဒီလို ပုတ်လိုက်တဲ့အခါ အစိုဓာတ်ဝင်သွားပြီး မိတ်ကပ်သား ညီစေပါတယ်။ ပြစ်မျိုးမှဲ့မထင် မိတ်ကပ် Look ကို ပိုင်ဆိုင်စေပါတယ်။

၃။ Brush သေးသေးလေး သုံးပါ

Photo Source: Saubhaya

နှာတံဖော်တဲ့နေရာမှာ သဘာဝဆန်ဆန် နှာတံလေး ပိုင်ဆိုင်ဖို့ Brush သေးသေးလေး သုံးဖို့ Highlight ဖော်သင့်ပါတယ်။ Brush အသေးနဲ့ လုပ်တာကြောင့် ပိုခြယ်မိတာမျိုး မဖြစ်တော့ဘဲ လိုသလို ထိန်းဆွဲနိုင်ပါတယ်။ ဒါ့အပြင် နှာတံ ပိုသေးသွားစေပါတယ်။

၄။ Concealer လိမ်းတဲ့အခါ

Photo Source: fashionisers

Concealer လိမ်းတဲ့အခါ မျက်နှာသွယ်သွားစေဖို့ အပေါ်ဘက် သွားတဲ့ Direction နဲ့ လိမ်းပေးသင့်ပါတယ်။ Concealer နဲ့ အရာဖော်ပြီးနောက် Sponge နဲ့ သေချာ Blend သင့်ပါတယ်။

၅။ မျက်တောင်ကော့တဲ့အခါ

Photo Source: Belash

မျက်တောင်ကော့တဲ့အခါ Eyelash Curler ကို ပထမဆုံး Hair Dryer နဲ့ အပူပေးသင့်ပါတယ်။ အေးအောင် ခဏစောင့်ပြီးနောက် မျက်တောင်ကော့ပေးရပါမယ်။ ပြီးနောက် Mascara တစ်ခါ ကော့ပေးရပါမယ်။ ကော့ပြီးနောက် အအေး Setting ကိုသုံးပြီး Dryer နဲ့ ခြောက်အောင် မျက်တောင်ကို မှုတ်သင့်ပါတယ်။ မှုတ်ပြီးနောက် ခြောက်သွားတဲ့အခါ နောက်တစ်ထပ် Mascara ထပ်ဆိုးရပါမယ်။

By MyStyle Myanmar