မင်္ဂလာပါနော်။ မေးစေ့မှာ ဝက်ခြံ Breakout တွေတော်ရုံနဲ့မပျောက်နိုင်တာ၊ ခဏခဏထွက်လာတာကြောင့် စိတ်ညစ်နေရတဲ့သူတွေရှိလား။ မေးစေ့တစ်ဝိုက်က ဝက်ခြံ၊ အဆီဖုစတာတွေက အမျိုးသမီးတွေမှာဆိုရင် ရာသီလာခြင်းရဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့်ဖြစ်တတ်ပြီး ဘက်တီးရီးယားနဲ့ ဆဲလ်သေတွေ ချွေးပေါက်ထဲမှာပိတ်မိတာ၊ မျက်နှာသန့်စင်မှုအားနည်းတာတွေအပြင် ကျန်းမာရေးနဲ့မညီတဲ့ စားသောက်ပုံတွေကတစ်ဆင့် ကိုယ်တွင်းအဆီနဲ့ အဆိပ်အတောက်တွေများလာတာစတာတွေကြောင့် အဖြစ်များပါတယ်။

Photo Source: freepik

သင့်အနေနဲ့ ဒီလို အကြောင်းအရင်းတွေကိုရှောင်ဖို့လိုသလို ပြန်လည်ထိန်းသိမ်းနိုင်မယ့်နည်းလမ်းတွေကိုပါ သိထားနိုင်ရင်အကောင်းဆုံးပါ။ ဒါကြောင့် ဒီတစ်ခေါက်မှာ မေးစေ့ဝက်ခြံပြဿနာကိုပြန်လည်ဖြေရှင်းနိုင်ဖို့ ပြုလုပ်လို့ရတဲ့ထိန်းသိမ်းနည်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။

၁။ ရေခဲဝတ်ကပ်ပြီး နှိပ်နယ်ပေးပါ

မေးစေ့မှာပေါက်တဲ့ဝက်ခြံတွေက ယားယံပြီးနာကျင်တာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ ရေခဲကပ်ပေးတာက ဝက်ခြံအရောင်ကျပြီး ခြောက်သွားစေဖို့ကူညီပေးနိုင်တာကြောင့် ရေခဲကို အဝတ်သန့်တစ်ခုနဲ့ ပတ်ပြီး မိနစ်အနည်းငယ်ဖိချေပြီး ကပ်ပေးလိုက်ပါ။ ကပ်တဲ့အခါ တိုက်ရိုက် အရမ်းမဖိမိအောင်တော့သတိထားပေးရပါမယ်။

၂။ မေးစေ့တစ်ဝိုက် Scrub လုပ်ခြင်းကိုရှောင်ပါ

Photo Source: weddingplz.com

မေးစေ့ ဝက်ခြံတွေရှိနေတဲ့အချိန်မှာ မျက်နှာချေးချွတ်ပြီး Scrub တိုက်ခြင်းကိုလည်းရှောင်ပေးသင့်ပါတယ်။ ဒါကသင့်ဝက်ခြံတွေကိုပိုပြီးရောင်ရမ်းစေတာကြောင့်ပါ။ အဓိကအနေနဲ့ ပင်လယ်ဆားနဲ့ သကြားတို့ပါဝင်တဲ့ ချေးချွတ်ပစ္စည်းတွေကိုရှောင်ပေးဖို့လိုပါတယ်။

၃။ မိတ်ကပ်မလိမ်းဘဲ အနားပေးထားပါ

မိတ်ကပ်တွေက ဝက်ခြံဖုံးရာမှာ အသုံးဝင်ပေမယ့် သတိမထားမိဘဲ မိတ်ကပ်အကြွင်းအကျန်တွေ ကျန်ခဲ့မယ်ဆိုရင် သင့်ဝက်ခြံတွေကိုပိုဆိုးလာစေမှာပါ။ ဒါကြောင့် ဝက်ခြံဖုံးဖို့ မိတ်ကပ်ထူထူလိမ်းတာတွေမလုပ်ပဲ မဖြစ်မနေလိုအပ်မှသာလိမ်းတာမျိုးပြုလုပ်ပေးပါ။ အိပ်ရာမဝင်ခင်အချိန်တွေမှာလည်း Cleanser အပျော့နဲ့ ရှင်းနေအောင်သန့်စင်ပေးဖို့မမေ့သင့်ပါဘူး။

၄။ ဝက်ခြံညှစ်တာ၊ ခဏခဏထိတာမျိုးမပြုလုပ်မိဖို့လိုပါတယ်

Photo Source: Healthline

မျက်နှာကို သင့်လက်နဲ့ ခဏခဏထိတာ၊ ဝက်ခြံညှစ်တာမျိုး မလုပ်မိဖို့လည်းသတိထားပေးပါ။ ဒါကသင့်ဝက်ခြံတွေကို ဘက်တီးရီးယားပိုး ဝင်ရောက်မှုအတွက်ပိုအားပေးတာကြောင့် တော်ရုံနဲ့ဝက်ခြံမပျောက်နိုင်ဘဲ Breakout တွေပိုထွက်လာစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar