တချို့က လည်ပင်းပြည့်ပြည့်လေးဖြစ်တာကြိုက်ပေမယ့် တချို့ကျတော့ လည်ပင်းသွယ်ပြီး shoulder line ပေါ်တာက sexy ကျလို့ အဲ့လိုမျိုးလေးကို ပိုကြိုက်ကြပါတယ်။ ဒါကြောင့် လည်ပင်းကျစ်လစ်သွယ်လျပြီး shoulder line ပေါ်စေဖို့ကူညီပေးမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။
The lift-off exercise
ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကိုနောက်မှာထားပြီး ပထမပုံထဲကလို အနေအထားနဲ့နေပါ။ ပြီးရင် လက်ကိုဒုတိယပုံထဲကလို ပြောင်းလုပ်ပါ။ အကြိမ် ၃၀ ဆက်တိုက်လုပ်ပေးရုံပါပဲ။
Forward head posture
အရင်ဆုံး မတ်တပ်ရပ်အနေအထားနဲ့စနေပြီး ပုံထဲကလို ခေါင်းပေါ်လက်နှစ်ဖက်တင်ပြီး ခေါင်းကိုရှေ့နည်းနည်းငုံ့ပါ။ ပြီးရင် မတ်တပ်ပြန်ရပ်ပါ။ အဲ့အတိုင်း အကြိမ် ၂၀ လုပ်ပေးရင်ရပါပြီ။
Shoulder rotations
ပုံမှာပြထားတဲ့အတိုင်း ခေါင်းအုံးနဲ့ လက်ကိုထောက်ပြီး ဘေးတစ်စောင်းလှဲနေပါ။ ခြေထောက်ကိုလည်း ပုံထဲကအတိုင်းထားပါ။ ပြီးရင် လက်ကို ၉၀ ဒီဂရီမြှောက်လိုက်၊ ပြန်ချလိုက်နဲ့လုပ်ပေးပါ။ အကြိမ် ၃၀ လုပ်ပြီးရင် တစ်ဖက်ကိုလှည့်ပြီး ဘယ်ညာပြောင်းကာ အကြိမ် ၃၀ ထပ်လုပ်ပါ။
Resistance exercise
ပုံမှာပြထားတဲ့အတိုင်းလှဲနေပြီး ထောက်ထားတဲ့ လက်ဖဝါးကိုပဲ အပေါ်လှန်လိုက်၊ နည်းနည်းပြန်ချလိုက်နဲ့ လုပ်ပေးရမှာဖြစ်ပါတယ်။ အကြိမ် ၂၀ လုပ်ပြီးရင် ခုနကလိုပဲ တစ်ဖက်ကိုလှည့်ပြီး ဘယ်ညာပြောင်းကာ အကြိမ် ၂၀ ထပ်လုပ်ပေးပါ။
Levator scapulae stretch
ဒါကတော့ အရမ်းလွယ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်းနေပြီး ခေါင်းကိုဘယ်စောင်းလိုက်၊ ပြန်မတ်လိုက်၊ ညာစောင်းလိုက်၊ ပြန်မတ်လိုက်နဲ့ အကြိမ် ၂၀ လုပ်ပေးရမှာပါ။
Chin tucks
မေးစေ့မှာ လက်ညှိုးထောက်ပြီး ပုံမှာပြထားတဲ့အတိုင်း မျက်နှာကိုရှေ့တိုးလိုက်၊ နောက်ပြန်ဆုတ်လိုက်နဲ့ အကြိမ် ၂၀ လုပ်ပေးပါ။
Rolled towel exercise
Towel ကိုသုံးပြီး ခေါင်းကိုငုံ့ပါ။ ပြီးရင် ဒုတိယပုံထဲကလို မော့ပေးပါ။ ၁၀ ကြိမ်လုပ်ပေးရင်ရပါပြီ။
source:www.brightside.me