မိတ်ကပ်အမြဲလိမ်းတာက အသားအရေကို ထိခိုက်စေပါတယ်။ အရွယ်မတိုင်ခင်မှာ အိုမင်းရင့်ရော်တာမျိုးမဖြစ်အောင်၊ အရေးအကြောင်းတွေမဖြစ်အောင် မိတ်ကပ်လိမ်းတဲ့အခါမှာ သတိထားရမယ့်အချက်တွေရှိပါတယ်။ ကဲ ဘာတွေလဲဆိုတာကိုတော့ တစ်ချက်ချင်းစီလေ့လာကြည့်ရအောင်။

Full Makeup အမြဲမလိမ်းပါနဲ့

Source: www.vixennow.com

မိတ်ကပ်ကတော့ မိန်းကလေးတိုင်းလိမ်းကြတာပါပဲ။ ဒါပေမယ့် လိမ်းမယ်ဆိုရင်လည်း ပါးပါးလေးပဲလိမ်းပါ။ မိတ်ကပ်ကိုအထူကြီးတွေလိမ်းပြီး Full Makeup တွေအမြဲလိမ်းတာမျိုးက အရွယ်မတိုင်ခင်မှာ အိုမင်းရင့်ရော်တာတွေ၊ အရေးအကြောင်းတွေ ဖြစ်စေပါတယ်။

Matte ဖြစ်လွန်းတဲ့ Foundation ကိုရှောင်ပါ

Source: www.stephanietoms.com

Matte ဖြစ်လွန်းတဲ့ Foundation တွေက အရမ်းဆွဲလိမ်းရတဲ့အတွက် အရွယ်မတိုင်ခင်မှာ ပါးရေတွန့်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် Dewy makeup Look လေးတွေ အတတ်နိုင်ဆုံးလိမ်းပါ။ Matte Type ကြိုက်ရင်လည်း အရမ်း Matte ဖြစ်တာမျိုးကိုတော့ ရှောင်ပေးပါ။

Primer ခံလိမ်းပါ

Source: www.anablush.com

Primer ခံလိမ်းပေးမယ်ဆိုရင် Makeup က အသားအရေကို တိုက်ရိုက်မထိတွေ့တဲ့အတွက် အသားအရေကို သိပ်မပျက်စီးစေဘူးပေါ့။ နောက်ပြီး Primer ခံလိမ်းပေးတာက မိတ်ကပ်ကိုလည်း ကြာရှည်ခံစေပါတယ်။

Sunscreen လိမ်းပါ

Source: www.lauraloukola.net

Sunscreen မလိမ်းခြင်းက အရွယ်မတိုင်ခင်မှ အိုမင်းရင့်ရော်ပြီး အရေးအကြောင်းတွေ မြန်မြန်ဖြစ်စေပါတယ်။ တင်းတိတ်နဲ့ မှဲ့ခြောက်တွေလည်း ထွက်လာနိုင်ပါတယ်။ ဒါကြောင့် Sunscreen က အရမ်းအရေးကြီးပါတယ်။

ဆွဲမလိမ်းပါနဲ့။

Source: www.femina.in

မိတ်ကပ်ကို လက်နဲ့ဆွဲလိမ်းတာဟာ ပါးရေတွန့်ပြီး အရေးအကြောင်းဖြစ်စေပါတယ်။ ဒါကြောင့် မိတ်ကပ်လိမ်းမယ်ဆိုရင် Makeup Sponge, Makeup Brush စတာတွေနဲ့ ယူလိမ်းပေးပါ။

Makeup Remover နဲ့ ဖျက်ပါ

Source: www.welcometobeautyville.com

မိတ်ကပ်လိမ်းပြီးရင် မျက်နှာသစ်ဆေးတစ်မျိုးထဲနဲ့ဖျက်တာက လုံးဝမပြောင်ပါဘူး။ မိတ်ကပ်တွေစင်အောင်မဖျက်ပဲ ညအိပ်ရင် အရေးအကြောင်းတွေဖြစ်စေပါတယ်။ ဒါကြောင့် Makeup Remover နဲ့ သေချာစင်အောင် ဖျက်ပေးဖို့က အရမ်းအရေးကြီးပါတယ်။