ဘယ်နိုင်ငံက အနုပညာရှင်ပဲဖြစ်ဖြစ် အနုပညာလောကထဲရောက်ပြီဆိုတာနဲ့ ကိုယ်လုပ်တဲ့အလုပ်ရဲ့ အခြေအနေအချိန်အခါပေါ်မူတည်ပြီးတော့ အပြောင်းအလဲတွေလိုက်လုပ်ရတာမျိုးတွေရှိကြပါတယ်။ ဖက်ရှင်ဆိုလည်း သင့်တင့်လိုက်ဖက်အောင် ဝတ်ဆင်ရသလို ဆံပင်အရောင်တွေပါ လိုက်ချိန်းရတာတွေလည်း အမြဲတမ်းတွေ့နေရပါတယ်။

ဒါပေမယ့် ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ကိုယ့်နဂိုဆံပင်အရောင်ကိုပဲပိုကြိုက်ပြီးတော့ တခြားအရောင်မဆိုးဘူးလို့ ငြင်းကြတဲ့အနုပညာရှင်တွေလည်း ရှိနေပါသေးတယ်။ အရှိကိုအရှိအတိုင်းနေရတာပိုသဘောကျပြီး တခြားအရောင်တွေခဏခဏပြောင်းဆိုးရတာကို မကြိုက်ကြတဲ့ အနုပညာရှင်တွေက ဘယ်သူတွေလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်ပါ။

Ed Sheeran

ကမ္ဘာကျော်တေးသီချင်းတွေရဲ့ တေးရေးတေးဆို Ed Sheeran ကတော့ သူ့ရဲ့မွေးရာပါ ဆံပင်အနီရောင်ကိုပဲ သဘောကျပြီး ဘယ်တော့မှတခြားအရောင်မဆိုးဘူးလို့လည်း ပြောခဲ့ဖူးပါတယ်။

Nicki Minaj

ရပ်ပ်အဆိုတော် Nicki Minaj ကို တခြားဆံပင်ကာလာမျိုးစုံနဲ့ မြင်ဖူးကောင်းမြင်ဖူးကြလိမ့်မယ်ဆိုပေမယ့် တကယ်တမ်းတော့ အဲ့တာအကုန်လုံး ဆံပင်တုစွပ်ထားတာတွေချည်းပါပဲ။ သူမက နဂိုဆံပင်အနက်ကိုပဲပိုသ​ဘောကျပါတယ်။

Paris Hilton

Blonde ဆံပင်အရောင်ကြောင့်လည်း လူသိများထင်ရှားတဲ့ Paris Hilton ဟာဆိုရင်လည်း သူမရဲ့ဆံပင်ကို အနက်ဘယ်တော့မှမဆိုးဖူးကြောင်းနဲ့ ဆေးတွေကြောင့်ဆံပင်ပျက်စီးမှာကြောက်လို့လည်း ဆံပင်တုတွေစွပ်တာပဲကြိုက်တယ်လို့ ၂၀၁၆ ခုနှစ်တုန်းက ပြောဖူးပါသေးတယ်။

Jessica Chastain

မင်းသမီး Jessica Chastain က ငယ်စဥ်တုန်းကတော့ တခြားကလေးတွေနဲ့ တအားကွဲပြားနေစေလို့ သူမရဲ့ဆံပင်အနီရောင်ကို မနှစ်ချို့ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ဒီဆံပင်အရောင်ကိုပဲ သူမရဲ့ အသိအမှတ်တစ်ခုလိုမျိုး တန်ဖိုးထားနေတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။

Salma Hayek

Salma Hayek ကတော့ သူမရဲ့ဆံပင်အနက်ကို ဘယ်တော့မှအရောင်မဆိုးရတဲ့အကြောင်းအရင်းက ဖင်ထိုင်ခုံမှာအကြာကြီးထိုင်နေဖို့ စိတ်မရှည်ဘူး ဆိုပြီးတော့ သတင်းမီဒီယာတွေမှာ ပြောပြခဲ့ဖူးပါတယ်။ နောက်ပြီးတော့ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းမယ့်အစား ငယ်တဲ့ရုပ်ပေါက်အောင် ဖန်တီးလုပ်ယူဖို့ အချိန်အကုန်မခံနိုင်ဘူးဆိုပြီးတော့လည်း ဆိုပါသေးတယ်။

Tan France

ဖက်ရှင် Guru ကြီး Tan France က သူများတွေထက် ပိုစောပြီးဆံပင်ဖြူပိုင်ဆိုင်ရသူဆိုပေမယ့်လည်း ဒီလိုထွက်လာတဲ့ဆံပင်ဖြူကို ရှက်ရွံ့ပြီးဖုံးကွယ်တာမျိုးမလုပ်ဘဲနဲ့ အရှိကိုအရှိအတိုင်းပဲ နေသူတစ်ဦးဖြစ်ပါတယ်။

Kendall Jenner

ကမ္ဘာကျော်ထိပ်သီးမော်ဒယ်လ် Kendall Jenner က Calvin Klein ကြောငြာတစ်ခုမှာ သူမဆံပင်အရောင်မဆိုးဖူးကြောင်း ဖော်ပြခဲ့ဖူးပါတယ်။ ဆံပင်အတုတွေစွပ်ပြီး တခြားဒီဇိုင်းတွေစမ်းကြည့်ခဲ့ဖူးပေမယ့် သဘာဝဆံပင်အနက်ကိုပဲ ပိုသဘောကျပါတယ်တဲ့။

Image Source: Pinterest