Jeon Yeo Been လို့ပြောလိုက်ရင် လူအများရဲ့မျက်လုံးထဲမှာ ဘယ်သူလဲတန်းပြီးပေါ်လာမှာမဟုတ်ပေမယ့် Vincenzo ဇာတ်ကားက မင်းသမီးဆိုရင်တော့ ပိုပြီးလူသိများကြမှာပါ။

သူမက ရုံတင်ကားတွေကို ပိုရိုက်တာများတာမို့ ကိုရီးယားလူမျိုးတွေအတွက်တော့ ရင်းနှီးနေမှာဆိုပေမယ့်လည်း မြန်မာနိုင်ငံက ပရိတ်သတ်တွေအတွက်တော့ မင်းသမီးအသစ်လိုပါပဲနော်။

၂၀၂၁ မှာ Vincenzo ဆိုတဲ့ဇာတ်လမ်းတွဲမှာ မင်းသား ဆောင်ဂျွန်ကီနဲ့အတူ သရုပ်ဆောင်ခဲ့ပြီး After My Death ဆိုတဲ့ဇာတ်ကားနဲ့လည်း ဆုတွေရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။

မင်းသမီး Jeon Yeo Been ကိုတော့ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ Gyo-dong, Gangneung-si မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

အရပ်အမြင့် ၅ ပေ ၅ လက်မလောက်ရှိပြီး ခန္ဓာကိုယ်အချိုးအစား အမိုက်စား နဲ့ ဆွဲဆောင်မှုရှိသူဖြစ်ပါတယ်။

ကိုရီးယားမလေးတွေရဲ့ မျက်ရစ်မပါတဲ့မျက်လုံးလေးနဲ့ ဆွဲဆောင်မှုရှိလှတဲ့ Jeon Yeo Been ရဲ့ ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

Image Source: Pinterest