မင်္ဂလာပါ ပျိုမေတို့ရေ။ မိတ်ကပ်လိမ်းထားတဲ့အခါ ကိုယ့်အသားအရောင်နဲ့ တစ်သားတည်းဖြစ်ပြီး ထင်းထင်းရင်းရင်းနဲ့ တစ်နေကုန်လှနေစေမယ့် မိတ်ကပ်ပြင်ဆင်နည်းလေးတွေအကြောင်းကို ပျိုမေတို့ စိတ်ဝင်စားကြမယ်ထင်ပါတယ်နော်။ ဒါကြောင့် ဒီတစ်ခေါက်မှာ အသားညိုသူ ပျိုမေတို့နဲ့လိုက်ဖက်ပြီး အသုံးဝင်စေမယ့် မိတ်ကပ်ပြင်ဆင်နည်းလေးတွေအကြောင်းကိုမျှဝေပေးသွားမှာပါ။ ဒီအခြေခံ မိတ်ကပ်ပြင်ဆင်နည်းလေးတွေကို သိထားတာက သင့်ကို မိတ်ကပ်လိမ်းတဲ့အချိန်တိုင်း အားအရမ်းစိုက်စရာမလိုဘဲ အလွယ်တကူနဲ့ Celebrity တွေပြင်သလို ပြည့်စုံတဲ့မိတ်ကပ် Look မျိုးရစေဖို့ကူညီပေးနိုင်မှာပါ။ ဒီတော့ ဘယ်လိုလိမ်းခြယ်နည်းတွေကိုအသုံးပြုဖို့လိုသလဲ ဆိုတာစိတ်ဝင်စားရင် ကြည့်လိုက်ရအောင်။

၁။ Foundation ကိုသေချာရွေးချယ်ပါ

Photo Source: Saubhaya Makeup

Foundation လိမ်းတဲ့အဆင့်က မိတ်ကပ် Look တိုင်းအတွက်အရေးကြီးတာမို့ ကိုယ့် အသားအရောင်နဲ့အဆင်ပြေပြီး အရမ်းမထူဘဲ သဘာဝဆန်ဆန်လေးလှနေအောင် ရွေးချယ်လိမ်းတတ်ဖို့ အရေးကြီးပါတယ်။ အသာညိုသူတွေအားလုံးမှာ အသားဝင်းဝင်း Warm Skin Tone တွေချည်း ရှိကြတာမျိုးမဟုတ်တာကြောင့် Foundation အတွက် ကိုယ့်လက်ရဲ့သွေးကြောအရောင်ကတစ်ဆင့် Skin Tone ကို ဆုံးဖြတ်ပြီးမှ အသုံးပြုတာမျိုးပြုလုပ်သင့်ပါတယ်။

၂။ Concealer ကောင်းကောင်းသုံးပါ

Photo Source: Brown Girl Magazine

အသားအရောင်မညီညာတာတွေ အမာရွတ်တွေအတွက် Concealer သုံးဖို့လည်းမမေ့ပါနဲ့နော်။ Concealer ကို ကိုယ့်အသားအရောင်ထက် မသိမသာပိုလင်းတာမျိုး အသုံးပြုပေးပါ။ ခပ်များများလိမ်းမိတဲ့အခါ အသားအရောင်မွဲပြီး သဘာဝမဆန်ဖြစ်သွားနိုင်တာကြောင့် တစ်မျက်နှာလုံးအတွက်မသုံးပဲ လိုအပ်တဲ့နေရာတွေကိုသာ အနည်းငယ်ဖြည့်လိမ်းပေးသင့်ပါတယ်။

၃။ Eye Shadow အရောင်တောက်တောက်တွေသုံးပါ

အသားညိုသူတွေအနေနဲ့ မီးခိုးရောင်၊ အညိုရောင်ရှိတဲ့ Eye Shadow အရောင်တွေအစား လိမ္မော်ရောင်၊ ပန်းရောင်၊ အစိမ်းရောင်နဲ့ Glitter ရွှေရောင်လေးတွေကိုပါ ဆိုးပေးနိုင်ပါတယ်။ Glitter အမှုန်ရွှေရောင်၊ ငွေရောင်လေးတွေကို မျက်ခွံထောင့်နားတွေမှာဆိုးပေးလိုက်မယ်ဆိုရင်လည်း မျက်ဝန်းအရောင်တောက်ပြီး မျက်လုံးခပ်ဝိုင်းဝိုင်းနဲ့ ကြီးနေသလို ထင်ရစေပါလိမ့်မယ်။

၄။ အရောင်ပါတဲ့ Mascara လေးတွေလည်းအသုံးပြုနိုင်ပါတယ်

ထူးထူးခြားခြားမိတ်ကပ် Look မျိုးရဖို့ အရောင်ပါတဲ့ Mascara လေးတွေသုံးပြီး ဆိုးကြည့်နိုင်ပါတယ်။ ဒီလိုဆိုးတဲ့အခါ ကိုယ့်မျက်လုံးအရောင်နဲ့လိုက်ဖက်မယ့် Mascara မျိုးကိုအသုံးပြုပေးပါ။

၅။ ပါးနီအတွက် Natural ဆန်တဲ့အရောင်ခပ်မှိန်မှိန်လေးတွေသုံးပေးပါ

ပါးနီဆိုးတဲ့အခါ နီညိုရောင်နဲ့ မက်မွန်သီးရောင်အရင့်တွေလို အရောင်ခပ်မှိန်မှိန်လေးတွေကို သဘာဝဆန်ဆန်လေးဖြစ်အောင် အနည်းငယ်ဆိုးပေးသင့်ပါတယ်။ ပြီးတဲ့နောက်မှာ Natural Glow ပုံစံလေးရဖို့ ပါးစောင်တစ်ဝိုက် Highlight ထည့်ပေးပြီး ပါးနီ Blend ဖြစ်ဖို့ Bronzer ကိုပါ ထည့်ဆိုးပေးလိုက်ပါ။ ပြီးရင်တော့ ကိုယ်ဆိုးနေကျ နှှုတ်ခမ်းနီအရောင်လင်းလင်းလေးတစ်ခုကို ဖြည့်ဆိုးပေးရပါမယ်။

ဒီလိုဆိုရင်တော့ အသားညိုတဲ့သူတွေနဲ့လိုက်တဲ့ မိတ်ကပ် Look လေးကိုရရှိသွားပြီပဲဖြစ်ပါတယ်။ သင်ကိုယ်တိုင်ကလည်း အသားညိုတဲ့သူဆိုရင် ကိုယ်လိမ်းနေကျ အဆင်ပြေတဲ့ မိတ်ကပ်လိမ်းနည်းလေးတွေရှိလား ပြောပြပေးခဲ့ပါအုန်းနော်။

Photo Source: Pinterest

By MyStyle Myanmar