စိတ်ဓာတ်မာကြောသူတွေက ဘဝကို လွယ်လွယ်နဲ့ အရှုံးမပေးတတ်သူတွေ ဖြစ်ပါတယ်။ ဘဝမှာ ကြုံရတတ်တဲ့စိတ်ဖိစီးမှုနဲ့ အခက်အခဲတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်သူတွေ ဖြစ်ပါတယ်။ သင်က စိတ်ထိခိုက်လွယ်သူဆိုရင်လည်း စိတ်ဓာတ်မာကြောသူတွေရဲ့ အကြောင်းကို လေ့လာပြီး အတုယူသင့်ပါတယ်။ သင်က စိတ်ဓာတ်မာကြောသူ ဟုတ်မဟုတ် အောက်ပါ အချက်တွေနဲ့ ချိန်ဆကြည့်နိုင်ပါတယ်။

၁။ စိတ်ပျက်စရာကိစ္စတွေကို ခေါင်းထဲ သိပ်မတွေးဘူး

စိတ်ဓာတ်မာကြောသူတွေက ပြဿနာတစ်ခုခု ကြုံလာရင် စိတ်ဓာတ်ကျ မလွယ်ပါဘူး။ ကြုံလာတဲ့ အဆိုးဒဏ်ကိုထိခိုက်ခြင်းမရှိဘဲ ဖြေရှင်းနိုင်ကြပါတယ်။

၂။ ပြောင်းလဲမှုကို ခံနိုင်ရည်ရှိတယ်

စိတ်ထိရှလွယ်သူတွေက တစ်ခုခု ပြောင်းလဲသွားရင် ဒါကို စိတ်ညစ်ညူးတတ်ကြပါတယ်။ စိတ်ဓာတ်မာကြောသူတွေကတော့ ပြောင်းလဲမှု အတိုင်း လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားကြပါတယ်။

၃။ သူတို့ဘာလိုအပ်လဲ သိတယ်

စိတ်ဓာတ်ခိုင်မာသူတွေက အကြောင်းအရာတစ်ခု၊ အခြေအနေတစ်ခုမှာ သူတို့ ဘာလုပ်သင့်လဲ၊ သူတို့ ဘာလိုအပ်လဲ သိကြပါတယ်။ လိုအပ်တဲ့အရာကို သိပြီး ပြုပြင်နေထိုင်ကြပါတယ်။

၄။ အခက်အခဲတစ်ခုကို ဘယ်လိုဖြေရှင်းရမလဲ စဉ်းစားတယ်

အခက်အခဲကြုံလာခဲ့ရင် ဒါကို ဘယ်လိုဖြေရှင်းရမလဲ၊ ဒီကနေ ဘာလုပ်လို့ရမလဲ စတဲ့အချက်တွေကို တွေးတတ်ပါတယ်​။

၅။ အမှားတွေ၊ ဝေဖန်မှုတွေ

စိတ်ဓာတ်မာကြောသူတွေက သူတို့ကို လာဝေဖန်တဲ့အခါ ဒီအတွက် စိတ်အားငယ်မနေပါဘူး။ ဒီဝေဖန်မှုကနေသင်ခန်းစာယူသလို သူတို့လုပ်မိတဲ့ အမှားတွေကနေလည်း သင်ခန်းစာယူပါတယ်။

၆။ စိန်ခေါ်မှုတွေကို အမြင်ကျယ်ကျယ်နဲ့ကြည့်တယ်

စိန်ခေါ်မှုတွေကြုံလာခဲ့ရင် စိတ်ဓာတ်ခိုင်မာသူတွေက ရှုထောင့်အမျိုးမျိုးနဲ့ ကြည့်တတ်ပါတယ်။ အကောင်းဆုံးအရာကို စဉ်းစားပြီး ရွေးချယ်တတ်ပါတယ်။

၇။ အနာကျက်လွယ်တယ်

စိတ်ဓာတ်ကြံ့ခိုင်သူတွေက ကျရှုံးတာ၊ ငြင်းပယ်ခံရတာ စတဲ့ အရာတွေကို ခံနိုင်ရည် ရှိပါတယ်။ လဲကျခဲ့ရင်လည်းအမြန်ထ တတ်ပါတယ်။ စိတ်ညစ်စရာရှိခဲ့ရင် ဒီကနေ အမြန်ရုန်းထွက်တတ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar