ပေါ့ပေါ့ပါးပါး ဝတ်ရတာ သဘောကျတဲ့ ပျိုမေတွေအနေနဲ့ ဒူးအထက် စကပ်၊ ဘောင်းဘီတို၊ ဂါဝန်တိုတို့ကို ဝတ်သင့််ပါတယ်။ ဒူးညိုလို့၊ အမာရွတ်ရှိလို့၊ တခြားသူတွေ တစ်မျိုး မြင်မှာ ကြောက်လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ သင်ဝတ်ချင်တဲ့ ဖက်ရှင်ကို မဝတ်ရဲ မဖြစ်သင့်ပါဘူး။ သင့်လက်ရှိအခြေနဲ့ အတိုဝတ်လို့ ရတယ်ဆိုရင် ရဲရဲသာ ဝတ်သင့်ပါတယ်။ မဟုတ်ရင် သင် နောင်တရနေပါလိမ့်မယ်။ အသက်ငယ်တုန်း ကိုယ်ဝတ်ချင်တာကို ဝတ်ကြည့်သင့်ပါတယ်။ ဂါဝန်အတိုလေးတွေက ပေါ့ပေါ့ပါးပါး ရှိပြီး နွေရာသီနဲ့ အလိုက်ဖက်ဆုံး ဖက်ရှင်လို့တောင် ပြောလို့ရပါတယ်။
ပူလွန်းတဲ့အခါ ဘောင်းဘီအရှည်တွေက သင့်ကို နှစ်ဆ ပိုအိုက်စေနိုင်ပါတယ်။
ဂါဝန်အတိုတွေကတော့ သင့်ကို ချစ်စရာကောင်းစေမယ့်အပြင် ဝတ်ရတာလည်း သက်တောင့်သက်သာ ဖြစ်ပါတယ်။
ဂါဝန်လေးတွေနဲ့ ဓာတ်ပုံရိုက်ရင်လည်း အရမ်းလှတာ ငြင်းမရတဲ့ အချက်တစ်ချက်ပါ။
အခုဖော်ပြထားတဲ့ ဂါဝန်ပုံစံတွေထဲမှာ သင်နှစ်သက်တဲ့ ဂါဝန်ပုံစံကို ရွေးချယ်ပြီး တစ်ခါလောက်တော့ ဝယ်ဝတ်သင့်ပါတယ်။
ဒီတော့ နွေရာသီနဲ့ အံကိုက်လို့ ပြောနိုင်မယ့် ဂါဝန်တို ဖက်ရှင်တွေကို ဆက်ကြည့်လိုက်ရအောင်။
Photo Source: Pinterest
By MyStyle Myanmar