မိန်းကလေးတွေအတွက် ခုံမှာထိုင်ပြီးဓာတ်ပုံရိုက်တဲ့အခါမှာ လှလှလေးဖြစ်နေစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။
ပို့စ်သိပ်မလုပ်တတ်ရင် ခုံမှာဒီလိုလေးထိုင်ပြီး မေးထောက်နေပါ။ ကိုယ်ထိုင်တဲ့ခုံကနိမ့်ရင် ခြေထောက်ကို ပုံထဲကလိုလေး ထားပေးပါ။ ချစ်ဖို့ကောင်းတဲ့ ပုံလေးရလာပါလိမ့်မယ်။
ဆိုဖာမှာထိုင်ရိုက်မယ်ဆိုရင်တော့ ဒီလိုလေးထိုင်ပြီး တစ်ဖက်ကိုကြည့်နေတဲ့ပုံလေး ရိုက်ကြည့်ပါ။ အရမ်းလှပြီး ဆွဲဆောင်မှုရှိစေပါတယ်။
ဘောင်းဘီရှည်ဝတ်ထားရင် ဆံပင်ကို အခုခေတ်စားနေသလိုလေး လှန်တင်ထားပြီး ဒီလိုထိုင်ကာ ပို့စ်ပေးကြည့်ပါ။ ပေါ့ပါးလွတ်လပ်တဲ့ပုံစံလေးနဲ့ ဆွဲဆောင်မှုရှိစေပါတယ်။
အချေပုံစံလေးရိုက်ချင်ရင်တော့ ခုံမှာခြေထောက်ချိတ်ထိုင်ပြီး စာဖတ်နေတဲ့ပုံလေး ပို့စ်ပေးကြည့်ပါ။ ရိုက်တဲ့အခါမှာတော့ ဘေးတစ်စောင်းလေးရိုက်တာက ပိုလှပါတယ်။
ဂါဝန်တို၊ စကပ်တိုလေးတွေ ဝတ်ပြီးရိုက်မယ်ဆိုရင် ဒီလိုလေးပို့စ်ပေးပြီး ခြေထောက်ကိုလည်း ပုံထဲကအတိုင်း ချိတ်ထိုင်ပါ။ ခြေထောက်သွယ်ပြီး ရှည်သလိုဖြစ်စေပါတယ်။ ဆွဲဆောင်မှုရှိပြီးလှတဲ့ ပုံကောင်းတစ်ပုံ ရလာပါလိမ့်မယ်။
တစ်ကိုယ်လုံးမပါချင်ရင် ခုံမှာဒီလိုလေးထိုင်ပြီး ပို့စ်ပေးပါ။ ရိုက်တဲ့အခါမှာ ဘေးဘက်ကနေရိုက်ပါ။ မိန်းကလေးဆန်ပြီး အရမ်းလှပါတယ်။ ဂါဝန်လေးတွေနဲ့ဆို ပိုပြီးလှမှာပါ။
Standard ရှိတဲ့ပုံစံအနေအထားမျိုးဆိုရင်တော့ ဒီလိုလေးသာ ခြေထောက်ချိတ်ထိုင်ပါ။ လက်အနေအထားကိုလည်း ပုံမှပြထားသလိုလေးလုပ်ပါ။ မျက်နှာကတော့ ကင်မရာကိုမကြည့်ပဲ အောက်ကိုနည်းနည်းငုံ့နေပါ။ အရမ်းလှပြီး ဆွဲဆောင်မှုရှိပါတယ်။
သူများထက်ထူးတဲ့ပို့စ်မျိုးလုပ်ချင်ရင်တော့ ခုံမှာဒီလိုလေးသာ ထိုင်ရိုက်ပါ။ လှလည်းလှသလို အထာလည်းကျပါတယ်။
ဒီလိုလေးထိုင်ရိုက်တာကတော့ ချစ်ဖို့ကောင်းတဲ့ cute type လေး ဖြစ်စေပါတယ်။
ဘောင်းဘီရှည်လေးနဲ့ လွတ်လပ်ပေါ့ပါးတဲ့စတိုင်လ်မျိုးလေး ဝတ်ထားရင်တော့ ဆံပင်စည်းနေတဲ့ပုံလေး ရိုက်ကြည့်ပါ။
ပေါ့ပါးတဲ့ freestyle မျိုးကြိုက်ရင် ဒီလိုလေးထိုင်ပြီးတော့လည်း ပို့စ်ပေးကြည့်ပါ။
photo source:www.pinterest.com