မိန်းကလေးတိုင်းအတွက် ဆံပင်ကျွတ်တာနဲ့ အဖျားနှစ်ခွဖြစ်တာတွေက အဆိုးဆုံးပါပဲ။ ဆံပင်အရမ်းပျက်စီးရင် ဆံသားကျိုးတာတွေအထိ ဖြစ်တတ်ပါသေးတယ်။ ဒါကြောင့် hair care ပိုင်းကိုလည်း ပစ်ထားလို့မရပါဘူး။ ဒီတစ်ခါမှာတော့ ဆံပင်ကျွတ်တာ၊ အဖျားနှစ်ခွဖြစ်တာ၊ ဆံသားကျိုးတာတွေမဖြစ်အောင် ဂရုစိုက်ပေးသင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။
ရေနွေးနဲ့ခေါင်းလျှော်တာက ဆံပင်ကျွတ်ပြီး ဆံသားခြောက်စေပါတယ်။ ဆံသားခြောက်ရင် ဖွာတာ၊ ရှုပ်တာ၊ ငြိတာတွေ ဖြစ်လာပါလိမ့်မယ်။
တောတော်များများက ခေါင်းလျှော်ရင် အမြှုပ်ထမှကြိုက်ကြပါတယ်။ အမြှုပ်များများထွက်အောင်ဆိုပြီး ခေါင်းလျှော်ရည်တွေကို အများကြီးသုံးလျှော်မယ်ဆိုရင်တော့ ဆံသားပျက်စီးတာပဲ ရှိပါတယ်။
ခေါင်းလျှော်နေတဲ့အချိန်မှာ လက်ချောင်းလေးတွေနဲ့ ဦးရေပြားကို massage လုပ်နှိပ်နယ်ပေးဖို့ မမေ့ပါနဲ့။ ဒီလိုနှိပ်နယ်ပေးမှ သွေးလည်ပတ်မှုကောင်းမွန်ပြီး ဆံပင်ကျွတ်တာလည်း သက်သာစေပါတယ်။
Conditioner သုံးရင် ဆံသားကိုပဲသုံးပါ။ ဦးရေပြားအထိသုံးစရာမလိုပါဘူ။ Conditioner ကို ဦးရေပြားအထိသုံးရင် မွေးညင်းပေါက်တွေပိတ်ပြီး ဆံပင်ကျွတ်တာ၊ ဦးရေပြားခြောက်ပြီးယားတာ၊ ဗောက်ထတာတွေ ဖြစ်လာပါလိမ့်မယ်။
ခေါင်းခဏခဏလျှော်လျှော်ရည် ရှိသင့်တဲ့ moisture တွေဆုံးရှုံးပြီး ဆံသားခြောက်သွေ့ပြီး ဖွာလာမယ်၊ ပျက်စီးလာမယ်၊ နှစ်ခွတွေပိုဖြစ်လာမယ်၊ ဦးရေပြားအဆီပြန်ပြီး စေးကပ်တာမျိုးတွေ ဖြစ်လာပါမယ်။
Dryer မှုတ်တဲ့အခါမှာ ဆံပင်အနားကိုကပ်ပြီးမှုတ်တာက ဆံပင်အရမ်းပျက်စီးစေပါတယ်။ ဆံသားခြောက်သွေ့ပြီး ဖွာတာ၊ နှစ်ခွဖြစ်တာတွေ ဖြစ်လာပါလိမ့်မယ်။
ဆံပင်ကို တင်းကျပ်နေအောင် အမြဲတမ်းစည်းထားရင် ဆံသားနာပြီး ကျိုးကြေတာ၊ ပြတ်ထွက်တာ၊ ကျွတ်တာတွေ ဖြစ်လာပါလိမ့်မယ်။
ခေါင်းလျှော်ပြီးရင် ရေမသုတ်ပဲ towel နဲ့ အကြာကြီးပေါင်းထားတာက ဆံသားဖွာပြီး ပြတ်ထွက်တာမျိုးတွေ ဖြစ်စေပါတယ်။ ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။
ဆံပင်ကိုနှမြောပြီး ပျက်စီးနေတာတွေညှပ်မထုတ်ရင် ပိုဆိုးလာမှာပါ။ ဆံပင်လည်း အရှည်နှေးလာပါလိမ့်မယ်။ ဒါကြောင့် အောက်ဖျားပျက်စီးနေတာတွေကို ပုံမှန်ညှပ်ထုပ်ပေးပါ။ ဒါဆိုရင်တော့ ပျက်စီးနေတာတွေ ဖြေးဖြေးချင်းစီကုန်သွားတဲ့အတွက် healthy hair ဖြစ်လာမှာပါ။