အတိုဝတ်လေ့မရှိတဲ့ မိန်းကလေးတွေနဲ့ ဘောင်းဘီရှည်ပဲဝတ်ရတာကြိုက်တဲ့ မိန်းကလေးတွေအတွက် နွေရာသီမှာဝတ်ရတာ ပေါ့ပါးမှုရှိပြီး လှနေစေမယ့် ဘောင်းဘီရှည်ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

နွေရာသီမှာ အခုခေတ်စားနေတဲ့ ခေါင်းလောင်းဘောင်းဘီပုံစံ jean pant တွေကို ကြိုးတစ်လုံးအင်္ကျီလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ ဖက်ရှင်ကျပြီး အရမ်းလှပါတယ်။ Jean ကိုမှ အဖြူနဲ့တွဲဝတ်ရင် ပိုပြီးတော့လှပါတယ်။

Jean pant အပွလေးတွေ၊ အကားလေးတွေကို ကိုယ်ကျပ်အင်္ကျီအဖြူလေးတွေနဲ့ တွဲဝတ်မယ်ဆိုရင်တော့ ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။ ဒီလိုဖက်ရှင်လေးက ကြည့်လိုက်တာနဲ့ ပေါ့ပါးလွတ်လပ်မှုရှိမှန်း သိသာစေပါတယ်။ ဒါကြောင့် နွေရာသီအတွက် အသင့်တော်ဆုံးပါပဲ။

ကျော့ရှင်းပြီးလှနေတဲ့ပုံစံလေး ဝတ်ချင်ရင်တော့ နွေရာသီမှာ ဒီဖက်ရှင်လေးကိုသာ ရွေးချယ်ပါ။ ရိုးရိုးလေးနဲ့ လှနေစေပါတယ်။ အပူဒဏ်လည်း သက်သာစေတဲ့ ဖက်ရှင်မျိုးဖြစ်ပါတယ်။

နွေရာသီမှာ ကျော့ရှင်းပြီးလှနေတဲ့ပုံစံလေး ဝတ်ချင်ရင် ခုနကလို jean pant လည်း မဝတ်ချင်ဘူးဆိုရင် ဒီလိုဘောင်းဘီလေးကို shoulder off top လှလှလေးနဲ့သာ တွဲဝတ်ပြီး ဒေါက်ဖိနပ်လေးစီးလိုက်ပါ။

ဒီလိုဘောင်းဘီအပွကြီးတွေက နွေရာသီမှာ အရမ်းဝတ်လို့ကောင်းပါတယ်။ ဝတ်ရတာပေါ့ပါးပြီး သက်တောင့်သက်သာဖြစ်စေသလို အပူဒဏ်လည်း သက်သာစေပါတယ်။ ဒါ့အပြင် စတိုင်လ်လည်းကျစေတာကြောင့် ဘောင်းဘီရှည်ဝတ်ရတာကြိုက်ရင် မရှိမဖြစ်ဝယ်ထားသင့်ပါတယ်။

ဒီဘောင်းဘီတွေကို အပေါ်ကနေ ရိုးရိုးရှင်းရှင်း top အကျပ်လေးတွေ၊ v shape top လေးတွေနဲ့ တွဲဝတ်လိုက်ရင်တောင် ဖက်ရှင်ကျနေစေပါတယ်။ နွေရာသီနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။

စကပ်လို အရမ်းကားပြီးပွတဲ့ ဘောင်းဘီတွေကိုလည်း ဝယ်ထားသင့်ပါတယ်။ အဲ့လိုဘောင်းဘီလေးတွေက ကြိုးတစ်လုံးလေးတွေနဲ့တွဲဝတ်ရင် အရမ်းလိုက်ပါတယ်။ ရှင်းရှင်းလေးနဲ့ လှနေစေပါတယ်။ Summer fashion လို့တောင်ပြောလို့ရပါတယ်။

အခုနောက်ပိုင်းမှာ အရမ်းခေတ်စားနေတဲ့ ဒီလို pant တွေကိုလည်း ကြိုးတစ်လုံးလေးတွေနဲ့ တွဲဝတ်ရင် အရမ်းလိုက်ပါတယ်။

ကြိုးတစ်လုံးမဝတ်ရဲတဲ့သူတွေဆိုရင် အပေါ်ထပ်အဖြူ အသားပါးတာလေးတွေ ထပ်ဝတ်လို့ရပါတယ်။