အပျင်းကြီးတဲ့သူတွေနဲ့ ဖုန်းမသုံးရရင် မနေနိုင်တဲ့သူတွေအတွက် ဖုန်းသုံးရင်းနဲ့ အေးဆေးလုပ်လို့ရမယ့် ရိုးရှင်းသော weight loss exercise 6 မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဝိတ်လည်းကျချင်တယ်၊ ပျင်းလည်းပျင်းတယ်ဆိုရင်တော့ ဒီလေ့ကျင့်ခန်းတွေနဲ့ ဖြေးဖြေးချင်းစီကျလာအောင် လုပ်လို့ရပါတယ်။

Hand Planks

ပုံမှာပြထားတဲ့အတိုင်း ကျော၊ ခါး၊ ခြေထောက်၊ လက်တွေကို ဆန့်ပြီးတန်းနေအောင် လုပ်ထားပေးပါ။ အဲ့အတိုင်း ၁ မိနစ်ပြည့်အောင် နေပေးပါ။ အဲ့မှာ ကိုယ်ကြည့်ချင်တာတွေဖွင့်ပြီး ဖုန်းကြည့်ရင်း အေးဆေးလုပ်နိုင်ပါပြီ။

Elbow Planks

ပုံမှာပြထားတဲ့အတိုင်း တံတောင်ဆစ်နဲ့ ထောက်ပြီးနေပါ။ ခြေချောင်းတွေကလည်း ပုံထဲကလို ထောက်ထားရပါမယ်။ အဲ့အတိုင်း ၁ မိနစ်ရအောင်နေပေးပါ။ အဲ့အချိန်မှာ ကြာကြာနေနိုင်အောင် ဖုန်းကြည့်ရင်းလုပ်ပါ။

Extended Puppy Pose

ပုံမှာပြထားတဲ့အတိုင်း လက်ကဖုန်းကိုကိုင်ထားပြီး ကုန်းနေပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပြီး ခဏရပ် ပြီးရင် စက္ကန့် ၃၀ ထပ်နေပေးပါ။

One-Leg Split

ပုံမှာပြထားတဲ့အတိုင်း ၁ မိနစ်ပြည့်အောင် နေပေးပါ။ အချိန်ပြည့်ရင် ခြေထောက်ကို ဘယ်ညာပြောင်းပြီး ထပ်လုပ်ပေးပါ။ ဘယ် ၁ မိနစ်၊ ညာ ၁ မိနစ်ဖြစ်ပါတယ်။ ဖုန်းကြည့်ရင်းလုပ်ရင် ခဏလေးလိုပါပဲ။

Back Stretch

ပုံမှပြထားတဲ့အတိုင်းနေဖို့က ဒီတိုင်းဆိုရင် ညောင်းလို့ကြာကြာလုပ်ချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်စိတ်ဝင်စားမယ့်ဟာတစ်ခုခုကို ဖုန်းမှာဖွင့်ပြီး လက်နှစ်ဖက်နဲ့ ဖုန်းကိုကိုင်ပြီး ပုံမှာပြထားတဲ့အတိုင်း နေပေးပါ။ ၁ မိနစ်ပြည့်အောင် နေနိုင်ရင်ရပါပြီ။

Cool Down Stretch

ဒီလေ့ကျင့်ခန်းကတော့ အလွယ်ဆုံးနဲ့ အသက်သာဆုံးပါပဲ။ ခါးကိုဆန့်၊ ခြေထောက်ကိုဆန့်ပြီး လက်နှစ်ကလည်း ပုံထဲကလို ထောက်ထားပါ။ အဲ့အတိုင်း ဖုန်းကြည့်ပြီး ၁ မိနစ်ပြည့်အောင် နေပေးရမှာဖြစ်ပါတယ်။