မိတ်ကပ်ပြင်တဲ့အခါမှာ မျက်နှာက ပုံမှန်ထက်ပိုညစ်သွားသလိုမျိုး ဖြစ်တဲ့သူရှိတွေရှိမှာပါ။ ဒါကြောင့် အသားအရေကို ပုံမှန်ထက်ပိုလင်းပြီး bright ဖြစ်သွားစေဖို့ကူညီပေးမယ့် makeup tips (၇) ခုကို မျှဝေပေးလိုက်ပါတယ်။

Moisturizer လိမ်းပါ

Primer ခံလိမ်းတာက မိတ်ကပ်သားကြာရှည်ခံစေပေမယ့် skin bright ဖြစ်တာမျိုးတော့ မရှိပါဘူး။ Moisturizer လိမ်းပေးမယ်ဆိုရင်တော့ အသားအရေက စိုစိုပြောင်ပြောင်လေးနဲ့ natural glow look လေးရစေဖို့၊ skin bright ဖြစ်စေဖို့ အထောက်အကူပြုပါတယ်။

မျက်လုံးအောက်ကို Concealer သုံးပါ

မျက်ကွင်းညိုမဲနေရင်လည်း မိတ်ကပ်ဘယ်လောက်လိမ်းလိမ်း မျက်နှာကမှိုင်းပြီး ညစ်နေသလို ဖြစ်ပါတယ်။ ဒါကြောင့် မျက်လုံးအောက်ကို concealer သုံးပေးဖို့ မမေ့ပါနဲ့။ Concealer သုံးပေးမှ မျက်နှာလေးက ပိုပြီးလင်းသွားမှာပါ။

White Eyeshadow သုံးပါ

မျက်လုံးခြယ်တဲ့အခါမှာ မှောင်တဲ့အရောင်တွေကိုသုံးရင် မျက်လုံးနားတစ်ဝိုက်မှောင်ပြီး မျက်နှာညိုသလို ဖြစ်သွားစေပါတယ်။ ဒါကြောင့် လင်းတဲ့ eyeshadow အရောင်လေးတွေကိုသုံးပါ။ မျက်လုံးအောက်နားလေးတွေကိုဆိုရင် white glitter eyeshadow လေးတွေ သုံးပေးပါ။

Highlighter သုံးပါ

မိတ်ကပ်လိမ်းထားတာ မျက်နှာလေးလင်းပြီး bright ဖြစ်ချင်တယ်၊ glow ချင်တယ်ဆိုရင် highlighter သုံးပါ။ အထူးသဖြင့် ပါးရိုးနှစ်ဖက်၊ နှာတံ၊ မေးစိနဲ့ နဖူးအလယ်လေးကို သုံးပေးပါ။

Foundation အများကြီးမလိမ်းပါနဲ့

Foundation အများကြီးလိမ်းရင် မိတ်ကပ်ထူထူကြီးနဲ့ cakey ဖြစ်ပြီး ကြာလာရင် မျက်နှာကမဲညစ်သလို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် foundation ကို အများကြီးမလိမ်းပါနဲ့။ Natural glow look လေးရစေတာတွေက မျက်နှာကို ပိုပြီး bright ဖြစ်စေပါတယ်။

နှုတ်ခမ်းနီအရောင်မှောင်တာ

နှုတ်ခမ်းနီကို အရောင်မှောင်တဲ့ ကြက်သွေးရောင်လို အရောင်မျိုးတွေ ရွေးဆိုးပါ။ မျက်နှာလေးပိုလင်းပြီး အသားပိုဖြူသလိုဖြစ်စေတယ်။ Skin brightening ဖြစ်စေပါတယ်။

Pink, Coral, Peach Blusher

ပါးနီသုံးတဲ့အခါမှာ pink, coral, peach အရောင်လေးတွေကိုသုံးတာက မျက်နှာလေးပိုလင်းပြီး bright ဖြစ်စေပါတယ်။