ကောင်မလေးတွေအတွက် အရမ်းလှတဲ့ ပုံကောင်းတစ်ပုံရလာစေမယ့် photo pose idea လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Cute type လေးကြိုက်ရင် ဒီလိုလေးပို့စ်ပေးပြီး portrait ပုံလေးရိုက်ကြည့်ပါ။ အရမ်းလှပြီး ချစ်စရာကောင်းတဲ့ ပုံကောင်းတစ်ပုံ ရလာမှာပါ။

ပန်းလေးတွေနဲ့ဆိုရင် ခုံတစ်ခုံယူပြီးသာ ဒီလိုလေးထိုင်ရိုက်ပါ။ တစ်ကိုယ်လုံးမပါပဲ ဒီလိုအနီးကပ်လေးက ပိုပြီးလှပါတယ်။ Portrait ရိုက်ရင် ပိုပြီးလှတဲ့ ပုံကောင်းတစ်ပုံရလာမှာ သေချာပါတယ်။

ဂါဝန်အဖြူလေးဝတ်ပြီး စာအုပ် (သို့) စာစောင်ကိုကိုင်ပြီး ဒီလိုပုံလေးလည်း ပို့စ်ပေးပြီးရိုက်ကြည့်ပါ။ ဒီလိုပုံလေးတွေက portrait ရိုက်ရင် အရမ်းလှပါတယ်။

ညနေစောင်းအချိန်မှာ ပန်းစည်းလေးနဲ့ရိုက်မယ်ဆိုရင် ဒီလိုပို့စ်ပေးပြီးသာရိုက်ပါ။ ကောင်းကင်ပါအောင်ရိုက်ရင် ပိုပြီးလှပါတယ်။

မြက်ခင်းမှာလှဲပြီးစာဖတ်နေတဲ့ပုံလေးကို ဒီလိုပုံစံတစ်ပိုင်းလေးပဲရိုက်ပါ။ အရမ်းလှတဲ့ ပုံကောင်းတစ်ပုံထွက်လာမှာ သေချာပါတယ်။ ဒီလိုပုံလေးတွေရိုက်ရင် အဝတ်အစားကို အရောင်တောက်တာလေးတွေ ဝတ်ပြီးရိုက်ရင် ပိုလှပါတယ်။

ပန်းစည်း (သို့) ပန်းလေးတွေကိုပိုက်ပြီး ဒီလိုအနီးကပ်ပုံလေး portrait ရိုက်ကြည့်ပါ။ အရမ်းလှပြီး ဆွဲဆောင်မှုရှိတဲ့ ပုံလေးထွက်လာမှာ သေချာပါတယ်။

နားကျပ်လေးပါရင် မြက်ခင်းမှာထိုင်ပြီး portrait ပုံလေး ထိုင်ရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။

ပို့စ်တွေသိပ်မလုပ်တတ်ရင် နေကာနေတဲ့ပုံလေးတွေ ရိုက်ကြည့်ပါ။ ဒီလိုပုံလေးတွေရိုက်ရင် ဆံပင်စည်းပြီးရိုက်တာက ပိုလှပြီး ဆွဲဆောင်မှုရှိစေပါတယ်။

ကိုယ့်အိမ်မှာ နေရောင်ထိုးတဲ့နေရာလေးရှိရင် စာအုပ်တစ်အုပ်ယူပြီး ဒီလိုလေးတွေသာ ပို့စ်ပေးရိုက်ကြည့်ပါ။ အရမ်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ ဒီလိုပုံလေးတွေကျတော့ လက်ရှည်လေးတွေ၊ hoodie လေးတွေဝတ်ပြီးရိုက်ရင် ပိုလိုက်ပါတယ်။

photo source:www.pinterest.com