ပူပြင်းတဲ့ရာသီဥတုမျိုးမှာ ဝတ်ရတာ ပေါ့ပါးလွတ်လပ်မှုရှိစေပြီး အမြင်လည်းမရိုင်းပဲ ချစ်ဖို့ကောင်းနေစေမယ့် ဘောင်းဘီတိုဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ရှပ်အင်္ကျီအဖြူလေးတွေကို ဘောင်းဘီတိုအပွလေးတွေနဲ့ တွဲဝတ်လိုက်ရင် ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။ ဝတ်ရတာပေါ့ပါးလွတ်လပ်မှုရှိပြီး ပူတာလည်းသက်သာစေပါတယ်။
ဘောင်းဘီတိုအပွလေးတွေကို ဒီလို အဖြူရောင် top လေးတွေနဲ့ တွဲဝတ်တာလည်း အရမ်းကိုပေါ့ပါးလွတ်လပ်မှု ရှိစေပါတယ်။
ချည်သားရှပ်အင်္ကျီ လက်တိုလေးတွေကိုလည်း ဘောင်းဘီတိုအပွလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ Summer ဖက်ရှင်စတိုင်လ်လေးနဲ့ ချစ်ဖို့ကောင်းစေပါတယ်။
ဘောင်းဘီတိုအပွလေးတွေကို အလွယ်တကူ တီရှပ်လေးတွေနဲ့ တွဲဝတ်လို့လည်း ရပါသေးတယ်။ အရမ်းကို ပေါ့ပါးလွတ်လပ်မှု ရှိစေမယ့်အပြင် ထသွားထလာအတွက်လည်း အဆင်ပြေပါတယ်။
ဘောင်းဘီတိုအပွလေးတွေကို မိန်းကလေးဆန်ပြီး ဝတ်ရတာပေါ့ပါးမှုရှိစေမယ့် အင်္ကျီလေးတွေနဲ့ တွဲဝတ်လိုက်ရင်လည်း ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းစေပါတယ်။ ရာသီဥတုပူတဲ့အချိန်မှာ ဒီလိုဖက်ရှင်လေးတွေက အရမ်းအဆင်ပြေပါတယ်။
ရှပ်အင်္ကျီလက်ရှည်လေးတွေကို ဘောင်းဘီတိုအပွလေးတွေနဲ့ ဒီလိုတွဲဝတ်တာက ရိုးရှင်းပြီး စတိုင်လ်ကျစေသလို ချစ်ဖို့လည်းကောင်းပါတယ်။ Summer ဖက်ရှင်အနေနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။
ဘောင်းဘီတိုအပွလေးတွေကို ကြိုးတစ်လုံးအင်္ကျီအပွလေးတွေနဲ့ တွဲဝတ်တာက အမြင်မရိုင်းပဲ ချစ်ဖို့ကောင်းစေပါတယ်။ ရာသီဥတုပူတဲ့အချိန်နဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။
ဒီဖက်ရှင်လေးဆိုလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။ ကြည့်လိုက်တာနဲ့ ပေါ့ပါးလွတ်လပ်မှုရှိစေပြီး သက်တောင့်သက်သာဖြစ်မယ့် ဖက်ရှင်မှန်း သိသာစေပါတယ်။
photo source:www.pinterest.com