Hair Salon တွေ သွားရင် ဆံပင်ကို ပေါင်းတဲ့ စက်အောက်မှာ ပေါင်းပေးတာ၊ ဒါမှမဟုတ် လေဆာနဲ့ ပေါင်းပေးတာ၊ ဆံပင်အဆိပ်ထုတ်ပေးတာ စတဲ့ အရာတွေကို သင်မြင်ဖူးမှာပါ။ သင့်အိမ်မှာလည်း ဆိုင်လောက် နည်းပညာမမြင့်ရင်တောင် ကိုယ်တိုင် ဆံသားပေါင်းတင်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဆံသားပျော့ပြောင်းကာ စိုစိုပြေပြေလေး ရစေဖို့ Hot Towel Treatment အကြောင်း ဖော်ပြပါရစေ။ ဒီနည်းလမ်းမှာ ဆံသားကို ပေါင်းတင်တဲ့အခါ မျက်နှာသုတ် သဘတ် တစ်ထည်ပဲ လိုအပ်ပါတယ်။ ဒီတော့ ဆံသားကို ဘယ်လိုပေါင်းတင်နိုင်မလဲ ကြည့်လိုက်ရအောင်-
ပထမဆုံး အဆင့်
ပထမဆုံး ဆံသားထဲ လိုအပ်တဲ့ အာဟာရတွေ ဝင်သွားအောင် Oiling Step စလုပ်ပေးရပါမယ်။
Photo source: Pinterest
Oiling အတွက် လိုအပ်တဲ့ ဆီသုံးမျိုးကတော့- အုန်းဆီ၊ ဗာဒံစေ့ဆီနဲ့ ကြက်ဆူဆီပါ။ ဒီဆီသုံးမျိုးကို အချိုးအစား ညီညီ ရောပေးရပါမယ်။
ဒါပြီးနောက် Vitamin E ထပ်ထည့်ပေးရပါမယ်။ ဒီအရာကို သင့်ဆံကေသာ ပေါ် လိမ်းပေးရပါမယ်။ လိမ်းတဲ့အခါ ဦးရေပြားက စပြီး ဆံပင်အဖျားထိ လိမ်းပေးရပါမယ်။
ဒုတိယအဆင့်- ရေနွေးငွေ့ရိုက်တဲ့အဆင့်
ရေနွေးထဲ မျက်နှာသုတ်ပဝါကို ထည့်ပေးရပါမယ်။ ရလာတဲ့ ရေနွေးနဲ့ အပူပေးထားတဲ့ မျက်နှာသုတ်ပဝါကို နည်းနည်းအေးတဲ့အထိ ခဏစောင့်ပြီး အရည်ညှစ်ပေးရပါမယ်။
Photo Source: HerGamut
တတိယအဆင့်
တတိယအဆင့်အနေနဲ့ ဒီမျက်နှာသုတ်ပဝါကို ဆံပင်မှာ ပတ်ပေးရပါမယ်။ ဒီအတိုင်း မိနစ် ၃၀ ထားပေးရပါမယ်။ အငွေ့ပြန်တာ နှေးအောင် အပြင်က Shower Cap နဲ့ အုပ်ပေးနိုင်ပါတယ်။
Photo Source: HerZindagi
စတုတ္ထအဆင့်
ဒီအဆင့်မှာတော့ မျက်နှာသုတ်ပဝါကို ဖယ်ကာ ခေါင်းလျှော်ပေးရပါမယ်။ ခေါင်းလျှော်တဲ့အခါ ရှန်ပူအပျော့နဲ့ လျှော်ပေးသင့်ပါတယ်။
ဒီ Hot Towel Treatment နည်းလမ်းက ပျက်စီးနေတဲ့ ဆံကေသာကို ပြန်ပြုပြင်ပေးပါတယ်။ ဆံပင်ထိန်းသိမ်းတဲ့ အာဟာရတွေထည့်တဲ့အခါ ပိုစိမ့်ဝင်မှု အားကောင်းစေပါတယ်။ ဆံပင်ကို နူးညံ့စေကာ ချောမွေ့စေပါတယ်။ ဒါ့အပြင် ဆံပင်အဖျားနှစ်ခွဖြစ်တာ၊ ခြောက်သွေ့တာကိုပါ သက်သာစေပါတယ်။
By MyStyle Myanmar