ရေမွှေးကြိုက်တဲ့ မိန်းကလေးတွေအတွက် လှပပြီး စွဲမက်စရာကောင်းသလို အနံ့လေးတွေလည်း အရမ်းကောင်းတဲ့ pink perfumes 6 မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်ကောင်မလေးကို လက်ဆောင်ပေးချင်တဲ့ ကောင်လေးတွေဆိုလည်း ဒီလိုရေမွှေးလေးတွေကို ရွေးချယ်လို့ရပါတယ်။
Dolce & Gabbana Dolce Rosa Excelsa Eau De Parfum
Fresh ဖြစ်စေတဲ့ fruity floral အနံ့လေးနဲ့ အရမ်းမွှေးတဲ့အနံ့လေးပါ။ ဘူးပုံစံလေးကလည်း မိန်းကလေးဆန်ပြီး အရမ်းလှပါတယ်။
Christian Dior Miss Dior Eau De Toilette Spray
ပထမဆုံးရတဲ့အနံ့လေးက blood orange note လေးနဲ့ ပြီးမှ မိန်းကလေးဆန်တဲ့ jasmine, lily floral notes လေးရစေပါတယ်။ နောက်ဆုံးမှာတော့ patchouli note လေးနဲ့ အရမ်းမွှေးပါတယ်။
Prada Candy Florale Eau De Toilette
အရမ်း sweet ဖြစ်တဲ့အနံ့လေးနဲ့ ဘူးပုံစံကအစ luxury ဆန်ပြီး အရမ်းကိုလှတာကြောင့် မိန်းကလေးတိုင်း သဘောကျမယ့်ရေမွှေးပါပဲ။
Marc Jacobs Daisy Love Eau So Sweet Eau De Toilette
Sweet ဖြစ်ပြီး အရမ်း fresh ဖြစ်စေတဲ့ အနံ့မျိုးဖြစ်လို့ လူကြိုက်အရမ်းများတဲ့ ရေမွှေးပါ။ ဒါ့အပြင် ဘူးပုံစံကအစ မိန်းကလေးတိုင်းသဘောကျတဲ့ ပုံစံလေးဖြစ်ပါတယ်။
Viktor&Rolf Flowerbomb Eau De Parfum
ပန်းအနံ့လေးတွေကြိုက်ရင် ရွေးချယ်သင့်တဲ့ ရေမွှေးဖြစ်ပါတယ်။ ဘူးပုံစံလေးကအစ အရမ်းလှပြီး လက်ဆောင်ပေးလို့လည်းကောင်းတဲ့ ပုံစံလေးပါ။
Gucci Bloom Eau De Parfum
ပန်းအနံ့လေးနဲ့ အရမ်း luxury ဆန်တဲ့ဘူးပုံစံလေးကြောင့် Gucci Bloom Eau De Parfum ကိုတော့ မကြိုက်တဲ့သူ ရှားပါတယ်။