အများစု ထိုင်းမလေးတွေရဲ့ အသားအရေ ကို ကြည့်လိုက်ရင် ဖြူပြီးတော့ နို့နှစ်ရောင်လေးတွေ သင်တွေ့ဖူးမှာပါ။သူတို့ မိတ်ကပ်လိမ်းလိုက်ရင်လည်း စိုစိုပြောင်ပြောင်လေးနဲ့ ကြည့်ကောင်းလှပါတယ်။ သင်က ထိုင်းမလေးတွေလိုMakeup Look ရချင်တယ်ဆိုရင်တော့ အခုပြောထားတဲ့ အဆင့်တွေအတိုင်း Makeup လိမ်းနိုင်ပါတယ်။
၁။ Mist ဖြန်းပါ
ပထမဆုံး Makeup မလိမ်းခင် Skincare Step တွေကို သေချာလုပ်သင့်ပါတယ်။ Mist ဖြန်းပေးရပါမယ်။
၂။ Face Serum
Toner သုံးပြီးနောက် အသားအရေ စိုစိုကြည်ကြည်လေး ဖြစ်ဖို့ Serum တစ်မျိုးလိမ်းပေးရပါမယ်။
၃။ Moisture Cream
မိတ်ကပ်သားခြောက်သွားတာမျိုး မဖြစ်အောင် နောက်တစ်ဆင့်အနေနဲ့ Moisture Cream တစ်မျိုး လိမ်းပေးရပါမယ်။
၄။ Primer
ချွေးပေါက် ကျဉ်းသွားစေတဲ့ Primer အမျိုးအစားကို ထပ်လိမ်းရပါမယ်။
၅။ Glow Primer
Pore Reduce Primer အပြင် ထပ်လိမ်းပေးရမှာက သင့်အသားအရေကို ပြောင်ပြောင်လင်းလင်းလေး ဖြစ်နေဖို့Glow Primer တစ်မျိုး လိမ်းရပါမယ်။
၆။ ဖောင်ဒေးရှင်း
ဖောင်ဒေးရှင်းလိမ်းတဲ့အခါ မျက်လုံးအောက်၊ နှာခေါင်းဘေးနားတွေ ရှောင်ပြီး လိမ်းပေးရပါမယ်။ ဘရပ်ရှ်နဲ့ Blend ပြီးနောက် Beauty Sponge နဲ့ထပ်ပုတ်ပေးရပါမယ်။
၇။ Concealer
မျက်လုံးအောက်၊ အစက်အပျောက် ရှိတဲ့နေရာတွေပေါ် Concealer လိမ်းပေးရပါမယ်။ နှာတံပေါ်ဖို့ Concealer နဲ့ ပုံစံဖော်ပေးရပါမယ်။ ပါးစောင်ပေါ်မှာပါ Concealer ကို Blend လုပ်ပေးရပါမယ်။
၈။ Blush
Blusher ကို ပါးပေါ်မှာ ပုတ်ပြီး လိမ်းသွားရပါမယ်။
၉။ Powder
အဆီပြန်တတ်တဲ့ နေရာတွေကို ပေါင်ဒါလေးနဲ့ လိုက်ပုတ်ပေးရပါမယ်။
၁၀။ Eye Base
မျက်လုံးပေါ်မှာ Base အနေနဲ့ Concealer လိမ်းပြီးနောက် Eyeshadow ခြယ်ပေးရပါမယ်။ နှာတံကို Shade ဖော်ပေးပြီးနဖူးပေါ် မေးရိုးအောက်မှာပါ Shade လုပ်ပေးရပါမယ်။ မျက်လုံးအပေါ်မှာ Brush ကို စက်ဝိုင်းပုံစံ Direction နဲ့ ခြယ်ပေးရပါမယ်။ မျက်လုံးအောက်ပါ ခြယ်ပေးသင့်ပါတယ်။
၁၁။ Eyeliner
Eyeliner ခြယ်ပြီးနောက် Brush အပြားလေးနဲ့ မျက်လုံးပေါ်ဖြန့်ပေးရပါမယ်။ မျက်လုံးဘေးထောင့်မှာ Glitter လေးခြယ်ရပါမယ်။ မျက်တောင်တုတပ် မျက်တောင်ကော့ပေးရပါမယ်။ မျက်ခုံးဆွဲပေးရပါမယ်။
၁၂။ နှုတ်ခမ်းနီ
နှုတ်ခမ်းဖူးဖူးလေး ဖြစ်အောင် နှုတ်ခမ်းနီ ပန်းရောင်အရင့် Color လေး ဆိုးနိုင်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar