လူတိုင်းကတော့ ပိုက်ဆံစုမယ်လို့ ပြောကြတာပါပဲ။ ခက်တာက အပြောလွယ်သလောက် တကယ့်စုဖြစ်တာက ခပ်ရှားရှားပါပဲ့ဆိုတာ သိတယ်ဟုတ်? ဒါ့အပြင် ပိုက်ဆံစုတော့မယ်လို့ကြံတိုင်း လက်တွေ့မှာ တကယ်မစုဖြစ်ပဲ သုံးတဲ့ထဲပါသွားကြတာပါ။ ဒါကြောင့် ပိုက်ဆံစုဖြစ်ဖို့အတွက် အရင်ဆုံး Motivation ယူမှဖြစ်မယ်နော်။ Motivation ယူပြီးမှ ပိုက်ဆံစုတာကို စတင်အကောင်အထည်ဖော်လိုက်ပါ။ ကဲ… ဘယ်လိုမိုတီလေးတွေက သင့်အိမ်မက်တွေအတွက် ပိုက်ဆံစုတာကို အထောက်အကူဖြစ်သလဲဆိုတာ ကြည့်လိုက်ပါအုံးနော်….
ကိုယ်လိုချင်တဲ့အရာ၊ ကိုယ်ဖြစ်ချင်တဲ့အရာတွေကို အရင်ဆုံးချရေးပါ
ကိုယ်လိုချင်တဲ့ကြီးကြီးမားမားအရာတွေ ဥပမာ – ကိုယ့်မှာ အိမ်ပိုင်မရှိသေးရင် အိမ်လေးတစ်လုံးလောက် လိုချင်တာမျိုးပေါ့။ ဒီလို ကိုယ်လိုချင်တာတွေကို ချရေးထားမှ ဘာအတွက် ကိုယ်ပိုက်ဆံစုရမလဲဆိုတဲ့ အသိလေးရလာမှာပါ။ ကိုယ်က သူဋ္ဌေးဖြစ်ချင်တယ်ဆိုရင် ပိုက်ဆံများများရှာ၊ အလုပ်ကြိုးစားပြီး ပိုက်ဆံစုရပါမယ်။ ဒါကြောင့် ကိုယ်ဖြစ်ချင်တဲ့အရာတွေ အမှန်တကယ်ဖြစ်လာဖို့ ပိုက်ဆံစုကိုစုရပါမယ်။
သင့်ရဲ့အနာဂါတ်အတွက်ဆိုတဲ့ အတွေးမျိုးထားပါ
ကိုယ့်အနာဂါတ်ကိုတွေးပြီး ပိုက်ဆံစုရမယ်၊ ငါကြိုးစားမှဖြစ်မယ်ဆိုတဲ့ အတွေးမျိုးဝင်အောင် တစ်ခါလောက် ကိုယ့်ရှေ့ရေးနဲ့ ကိုယ့်အနာဂါတ်အတွက် သေချာအလေးအနက်ထားပြီး တွေးကြည့်လိုက်ပါ။
စိတ်ရှည်ပါ
ဘယ်အရာကိုပဲလုပ်လုပ် စိတ်ရှည်မှဖြစ်မှာပါ။ အခုပိုက်ဆံစုလို့ လပိုင်းလောက်နဲ့ ကိုယ်လိုချင်တာတွေ၊ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် စိတ်ရှည်ရှည်နဲ့ ပိုက်ဆံကိုစုပါ။ ပိုက်ဆံတကယ်စုဖြစ်သွားတဲ့အခါ ပမာဏများလာရင် ထုတ်သုံးဖို့ကို နှမြောသွားပါလိမ့်မယ်။
Lifestyle ကို ပြောင်းလဲလိုက်ပါ
အရင်လို သုံးချင်တိုင်းသုံး၊ လိုချင်တာမြင်တိုင်းဝယ်နေလို့ မရတော့ပါဘူး။ သေချာ Target ထားပြီး ပိုက်ဆံစုမယ်ဆိုရင် ကိုယ့် Lifestyle ကိုပါ ပြောင်းလိုက်ပြီး သေချာစီစစ်၊ ချွေတာပြီး ပိုက်ဆံကို များများစုပါ။