ကိုယ့်ကိုယ်ကို control မလုပ်နိုင်ရင် စိတ်တိုလွယ်၊ ဒေါသထွက်လွယ်ပြီး စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ လျော့နည်းလာပါတယ်။ အမှားတွေလည်း များလာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို control လုပ်နိုင်စွမ်းတွေ ပိုတိုးတက်လာစေဖို့ ကူညီပေးမယ့် နည်းလမ်း ၇ ခုကို မျှဝေပေးလိုက်ပါတယ်။
ပြုံးရယ်ဖို့သတိရပါ
တစ်နေ့တာမှာ ပြုံးရယ်ဖို့ ကိုယ့်ကိုယ်ကိုသတိပေးပါ။ အမြဲတမ်းဆူပုပ်ပြီး စိတ်ရှုပ်နေရင် အာရုံတွေနောက်ပြီး ဒေါသထွက်လွယ်ပါတယ်။ ဒါကြောင့် အမြဲတမ်းစိတ်ကြည်လင်နေအောင် ပြုံးရယ်ဖိုမမေ့ပါနဲ့။ အပြုံးနဲ့အရာရာကို control လုပ်နိုင်တယ်ဆိုတာလည်း မမေ့ပါနဲ့။
အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ
တစ်ခုခုကို စိတ်တိုပြီးဒေါသထွက်လာပြီ၊ စိတ်ဖိစီးမှုတွေ အရမ်းကိုများလာပြီဆိုရင် အသက်ရှူလေ့ကျင့်ခန်း လုပ်လိုက်ပါ။ အသက်ရှူသွင်းရှူထုတ်လုပ်နေတဲ့အပေါ်မှာ စိတ်နှစ်ထားကြည့်ပါ။ ကိုယ့်ကိုယ်ကိုပိုပြီး control လုပ်နိုင်လာပါလိမ့်မယ်။
နေ့စဉ်မှတ်တမ်းရေးကြည့်ပါ
စိတ်အပြောင်းအလဲဖြစ်အောင်၊ စိတ်ပေါ့ပါးလန်းဆန်းအောင် တစ်နေ့တာအတွက် ကိုယ်လုပ်ခဲ့တာတွေအကုန်လုံးကိုပဲဖြစ်ဖြစ်၊ ပျော်စရာလေးတွေကိုပဲဖြစ်ဖြစ် နေ့စဉ်မှတ်တမ်းရေးကြည့်ပါ။
လေ့ကျင့်ခန်းတစ်ခုခုကိုပုံမှန်လုပ်ပေးပါ
Negative ဆန်တဲ့အတွေးတွေများနေမယ့်အစား လေ့ကျင့်ခန်းတစ်ခုခုကို ပုံမှန်လုပ်ပေးပါ။ ကိုယ့်ရဲ့တစ်နေ့တာမှာ လေ့ကျင့်ခန်းလုပ်တဲ့အချိန်ကို ထည့်လိုက်မယ်ဆိုရင်တော့ စိတ်ရောကိုယ်ပါ ပေါ့ပါးလန်းဆန်းပြီး သွက်လက်လာမယ်။ ကိုယ့်ကိုယ်ကိုလည်း ပိုပြီး control လုပ်နိုင်စွမ်းတွေ မြင့်တက်လာပါမယ်။
ဝါသနာပါတာလေးတွေလုပ်ပါ
စိတ်တည်ငြိမ်ပြီး အေးချမ်းနေရင် ကိုယ့်ကိုယ်ကိုပိုပြီး control လုပ်နိုင်လာပါတယ်။ ဒီလိုစိတ်တည်ငြိမ်ပြီး အေးချမ်းအောင် အားတဲ့အချိန်မှာ ကိုယ်ဝါသနာပါတာလေးတွေကို လုပ်ကြည့်ပါ။ စိတ်ပျော်ရွှင်မှုလည်း ရလာပါလိမ့်မယ်။
ကိုယ့်အတွက်ကိုယ်အချိန်ပေးပါ
ကိုယ့်အတွက်ကိုယ်အချိန်ပေးဖို့လည်း မမေ့ပါနဲ့။ ပျော်စရာရှိရင် ပျော်လိုက်ပါ။ ကိုယ်ပျော်မယ်ထင်တာလေးတွေ၊ ကိုယ်လုပ်ချင်တာတွေကိုလုပ်ပြီး ကိုယ်ပိုင်အချိန်ပေးပါ။
တရားထိုင်ပါ
ကိုယ့်ကိုယ်ကို control လုပ်နိုင်စွမ်းတွေမြင့်တက်လာပြီး စိတ်တည်ငြိမ်စေဖို့၊ positive thinking တွေများလာစေဖို့ တရားထိုင်ပေးပါ။ တစ်နေ့ကို ၁၅ မိနစ်လောက်အချိန်ပေးပြီး တရားထိုင်ကြည့်ပါ။ သိသိသာသာပြောင်းလဲလာပါလိမ့်မယ်။