မင်္ဂလာပါ ပျိုမေတို့ရေ။ ကိုယ့်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနေရာငါးမျိုးကို Oil Massage ပုံမှန်ပြုလုပ်ပေးရုံနဲ့ ခေါင်းအစခြေအဆုံး နူးညံ့ချောမွေ့တဲ့ အသားအရေလေးပိုင်ဆိုင်နိုင်မယ့်အကျိုးတွေ ရနိုင်တယ်ဆိုတာ ပျိုမေတို့သိထားပြီလား။ မသိသေးတဲ့သူတွေအတွက် ဒီတစ်ခေါက်မှာ Oil Massage ရဲ့အကျိုးတွေနဲ့ အသားအရေလှဖို့ အဓိကထား ပြုလုပ်ပေးသင့်တဲ့ အစိတ်အပိုင်းတွေအကြောင်းကို မျှဝေပေးပါရစေ။ ဖော်ပြထားတဲ့ နေရာ ၅ မျိုးကို Essential Oil တစ်မျိုးနဲ့ Massage နေ့စဉ်လုပ်ပေးမယ်ဆိုရင်အသားအရေကျန်းမာရေးအတွက် အထောက်အကူပြုမယ့်အပြင် စိတ်ဖိစီးမှုတွေလျှော့ချနိုင်ဖို့ပါ ကူညီပေးနိုင်မှာပါ။

၁။ ဒူးနှစ်ဖက်


ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ ဒူးနေရာက အစိုဓာတ်ခန်းခြောက်လွယ်တဲ့နေရာဖြစ်တာမို့ အသားအရေချောမွေ့စေဖို့ သင့်ဒူးတွေကို နေ့စဉ်ဂရုစိုက်ပေးဖို့လိုပါတယ်။ Essential Oil တစ်မျိုးကို အသားထဲစိမ့်ဝင်တဲ့ထိ နှိပ်နယ်ပြီးလိမ်းပေးခြင်းက သင့်အသားအရေကိုအစိုဓာတ်ရစေသလို ဒူးကြွက်သားကျစ်စေတဲ့အပြင် ဒူးဆစ်နာတဲ့ပြဿနာတွေမဖြစ်အောင်လည်း ကူညီပေးနိုင်ပါတယ်။

၂။ ချက်နေရာ


သင့်ရဲ့ ချက်က ကိုယ်ခန္ဓာအတွင်းကအကြောတော်တော်များများနဲ့ ဆက်စပ်နေပြီး Essential Oil ကရရှိတဲ့ သဘာဝအဆီအနှစ်ဓာတ်တွေ စိမ့်ဝင်လွယ်တဲ့နေရာလည်းဖြစ်ပါတယ်။ အုန်းဆီ၊ သံလွင်ဆီနဲ့ Jojoba အဆီစတဲ့ ခန္ဓာကိုယ်အတွက်သင့်တော်တဲ့ ဆီတစ်မျိုးကို သင့် ချက်နေရာတစ်ဝိုက်ကို စက်ဝိုင်းပုံလှည့်ပြီး လိမ်းပေးတာက အသားအရေကို အစိုဓာတ်ဖြည့်ပေးတဲ့အပြင် အရေပြားနဲ့ဆိုင်တဲ့ပြဿနာတွေကို သက်သာစေပါလိမ့်မယ်။ ဒါ့အပြင် သင့်ကိုစိတ်အပန်းပြေစေပြီး ဆံပင်အရှည်သန်စေတဲ့ အကျိုးတွေကိုပါရရှိစေမှာပါ။

၃။ တံတောင်

Photo Source: Femina.in

သင့်အသားအရေ နူးညံ့စိုပြေဖို့ အစိုဓာတ်ခြောက်ကပ်ပြီး ညိုမဲလွယ်တဲ့ တံတောင်အရေပြားကို ဂရုစိုက်မှုပြုလုပ်ပေးဖို့ကလည်း အရေးကြီးပါတယ်။ တံတောင်ညိုမဲခြင်းနဲ့ အသားကွဲအက်ခြင်းတွေမဖြစ်စေဖို့ အစိုဓာတ်ရစေတဲ့ အဆီတစ်မျိုးပုံမှန်လိမ်းပေးသင့်ပါတယ်။

၄။ ခြေသည်း


တစ်ကိုယ်လုံးအရေပြားချောမွေ့နေဖို့ သင့်ခြေသည်းတွေကိုလည်း ဂရုစိုက်ပေးသင့်ပါတယ်။ ခြေသည်းတွေကို အုန်းဆီနဲ့ပုံမှန် နှိပ်နယ်ပြီးလိမ်းပေးပါ။ ခြောက်သွေ့ကွဲအက်မှုကင်းပြီး အစိုဓာတ်ပေးနိုင်တဲ့အပြင် ခြေသည်းအရှည်မြန်ပြီး သင့်ခြေသည်းခွံလေးတွေကို ကြည်လင်လာစေပါလိမ့်မယ်။

၅။ ခြေထောက်


အထိုင်များတာတွေက သင့်ခြေထောက်ကို သွေးလည်ပတ်မှုအားနည်းစေတာကြောင့် သွေးလည်ပတ်မှုကောင်းအောင် Oil Massage လုပ်ပေးဖို့လိုပါတယ်။ အထူးသဖြင့် ညမအိပ်ခင်အချိန်တွေမှာ Oil တစ်မျိုးလိမ်းပြီးနှိပ်နယ်ပေးမယ်ဆိုရင် အစိုဓာတ်ရပြီး အကြောပြေကာ သင့်ကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့အတွက်ပါ ကူညီပေးပါလိမ့်မယ်။ ဒါ့အပြင် ခြေထောက်အရေပြားပေါ်က ဆဲလ်သေတွေ ဖယ်ရှားပြီးသားလည်းဖြစ်စေတာကြောင့် နူးညံ့ချောမွေ့တဲ့ခြေထောက်အသားအရေလေးကို အမြဲရနေစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar