အပြင်သွားလိုက်ရမှ stress တွေပြေပျောက်တာ မဟုတ်ပါဘူး။ အိမ်မှာနေပြီးတော့လည်း stress တွေ ပြေပျောက်အောင် လုပ်လို့ရပါတယ်။ အပြင်သွားဖို့ အဆင်မပြေတဲ့သူတွေအနေနဲ့ stress တွေရှိနေရင် ဒီနည်လမ်းတွေကို try ကြည့်လို့ရပါတယ်။

တရားထိုင်ပါ

အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ တရားထိုင်တာပါပဲ။ အိမ်မှာနေပြီး တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ မိနစ် ၃၀၊ တစ်နာရီအထိ ကိုယ်အဆင်ပြေသလောက် တရားထိုင်ပေးပါ။ Stress တွေ၊ စိတ်ညစ်စရာတွေ အားလုံး ပြေပျောက်ပြီး စိတ်တည်ငြိမ်လာမယ်၊ စိတ်လွတ်လပ်ပေါ့ပါးလာပါမယ်။

Workout လုပ်ပါ

Youtube ကနေကြည့်ပြီး workout ကို သေချာ plan ဆွဲပြီး လုပ်ကြည့်ပါ။ အိမ်မှာနေပြီး stress လည်း လျော့ကျကာ ပြေပျောက်သွားစေမယ့်အပြင် ကိုယ့်အလှအပအတွက်၊ ကျန်းမာရေးအတွက်လည်း အများကြီး အကျိုးရှိစေပါတယ်။

အိမ်ရှင်းပါ

Stress တွေများနေရင် နေ့လည်ဘက် အားတဲ့အချိန်တွေမှာ အိမ်ရှင်းပါ။ အိမ်ရှင်းနေရင် အလုပ်ရှုပ်နေတဲ့အတွက် stress တွေ လျော့ကျလာပါတယ်။ Stress တွေကို မေ့နေတတ်ပါတယ်။ အိမ်ရှင်းပြီးသွားလို့ သပ်ရပ်သွားရင် ကြည့်ပြီး စိတ်ချမ်းသာရပါတယ်။ Stress တွေလည်း ပြေပျောက်သွားစေပါတယ်။

ရုပ်ရှင်ကြည့်ပါ

အိမ်ရှင်းဖို့ပျင်းရင်တော့ ရုပ်ရှင်ကြည့်ပါ။ Stress တွေ ပြေပျောက်သွားအောင် ရယ်စရာရုပ်ရှင်တွေ ထိုင်ကြည့်ပါ။ စားချင်တဲ့မုန့်တွေစားပြီးသာ ရုပ်ရှင်ထိုင်ကြည့်နေပါ။

ကိုယ်ဝါသနာပါတာတစ်ခုခုကိုလုပ်နေပါ

ကိုယ်ရနေတဲ့ stress က တစ်ရက်ထဲမဟုတ်ဘူး၊ နေ့စဉ်ရက်ဆက်ဖြစ်နေရင်တော့ အိမ်မှာနေပြီး ကိုယ်ဝါသနာပါတဲ့အရာတစ်ခုခုကို လုပ်ကြည့်ပါ။ သင်ယူကြည့်ပါ။ ဝါသနာပါတာကိုလုပ်နေရရင် စိတ်ဝင်စားမှုရှိတဲ့အတွက် အာရုံကအဲ့ထဲကိုပဲရောက်နေပြီး stress တွေကို မေ့သွားပါလိမ့်မယ်။