Disney ကာတွန်းကားထဲက မင်းသမီးတွေထဲမှာ ဆံပင်အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ မင်းသမီးလေးကတော့ Rapunzel ပါ။ Rapunzel က ရှည်လျားတဲ့ ဆံပင်ရှည်ကြောင့် ကျော်ကြားသလို သူမရဲ့ လမ်းလျှောက်လိုက်တိုင်း လှုပ်ခါသွားတဲ့ ပျော့အိအိ တောက်ပတဲ့ဆံသားကြောင့် ဆံပင်အကောင်းဆုံးလို့ သတ်မှတ်ခံရသူ ဖြစ်ပါတယ်။

သင်က အပြင်လောကမှာ မင်းသမီး Rapunzel လောက် ဆံပင်မရှည်ရင်တောင် သူမလို ဆံသား ကောင်းနေစေဖို့ ပြုလုပ်နိုင်တဲ့အရာတွေ ရှိပါတယ်။ ကျန်းမာပြီး တောက်ပတဲ့ဆံသားကို မနက်ပိုင်းမှာ ပိုင်ဆိုင်နေဖို့ ညဘက်မှာ လုပ်ပေးရမှာပါ။ ဒီတော့ ဘယ်အရာတွေကို ဆံပင်ကောင်းဖို့ ညတည်းက လုပ်နိုင်လဲ ကြည့်လိုက်ရအောင်နော်-

၁။ အဖျားကနေ ဆံပင်ဖြီးပေးပါ

Photo Source: Pinkvilla

သင့်ဆံပင်အဖျားကို ဆံပင်အထုံးတွေနဲ့ ရှုပ်မနေစေဖို့ ညအိပ်ခါနီးတိုင်း ခေါင်းဖြီးနဲ့ ဖြီးပေးသင့်ပါတယ်။ ဒီလိုပုံမှန်ဖြီးပေးတာကြောင့် သင့်ဆံသားအရင်ထက် ပိုလှပါလိမ့်မယ်။

၂။ နှိပ်နယ်ပေးပါ

Photo Source: HuffPost

ဦးရေပြား သွေးလည်ပတ်မှု ကောင်းမွန်ဖို့ ညမအိပ်ခင် နှိပ်နယ်ပေးသင့်ပါတယ်။ ဒီလို နှိပ်နယ်ပေးတာကြောင့် ဆံသား ပိုကျန်းမာပြီး ပျက်စီးနေတဲ့ ဆံသားအတွက်လည်း အသုံးဝင်ပါတယ်။

၃။ ဆံပင်အဖျားကို ဆီထည့်ပေးပါ

Photo Source: Hairstory

သင့်ဆံသား အမြဲ အစိုဓာတ်ရနေဖို့ ညဘက် လုပ်သင့်တဲ့ အပြုအမူတစ်ခုက အဖျားကို ဆီထည့်ပေးတာပါ။ ဦးရေပြားကို ဆီတိုက်ရိုက်မထိဘဲ ဆံပင်အဖျားကိုပဲ ဆီလိမ်းပေးရမှာပါ။ ဒါပေမဲ့ သင့်မျက်နှာနဲ့ ဆီ ထိသွားရင်တော့ မျက်နှာသေချာ ပြန်သစ်ဖို့ လိုပါတယ်။

၄။ ကျစ်ဆံမြီးကျစ်ပါ

Photo Source: Instructables

ညအိပ်ခါနီးတိုင်း ကျစ်ဆံမြီး ကျစ်ပြီး အိပ်တဲ့အခါ သင့်ဆံပင်က သဘာဝအတိုင်း ကောက်ကောက်လေး ဖြစ်နေပါလိမ့်မယ်။ ဒီအတိုင်း ဆံပင်အဖြောင့်ထက် လှိုင်းတွန့်လေးတွေ ပါတဲ့ ဆံသားက ပိုစိတ်ဝင်စားစရာကောင်းပါတယ်။

By MyStyle Myanmar