အသားအရေလှဖို့ Skincare အဆင့်တွေ လိုအပ်သလို အနည်းဆုံး တစ်လမှာ တစ်ခါလောက် Treatment လုပ်ပေးသင့်ပါတယ်။ ဒါကြောင့်ပဲ Facial Spa တွေ Treatment လုပ်တဲ့နေရာတွေ ရှိတာပါ။ သင်က အဲ့နေရာတွေ သွားပြီးအသားအရေ ထိန်းသိမ်းဖို့ အဆင်မပြေသေးရင် ကိုယ့်အိမ်မှာပဲ Spa ရောက်နေသလို Treatment လုပ်နိုင်ပါတယ်။ ဒီအဆင့်တွေထဲ လိုအပ်တဲ့ ပစ္စည်း အနည်းငယ်ပဲ ပါဝင်တာမို့ သင့်အတွက် အဆင်ပြေမှာပါ။ ဒီတော့ ဘယ်အဆင့်တွေပါလဲ ကြည့်လိုက်ရအောက်နော်-

Cleanse

ပထမဆုံး လုပ်ရိုးလုပ်စဉ်အတိုင်း မျက်နှာသစ်ပေးရပါမယ်။ ထပ်သုံးမယ့် အလှကုန် Ingredients တွေ မျက်နှာထဲစိမ့်ဝင်ဖို့ သေချာသန့်စင်ပေးရပါမယ်​။

Exfoliate

ဒုတိယအဆင့်အနေနဲ့ မျက်နှာကို ချေးချွတ်ပေးရပါမယ်။ Peel Off Mask လည်း သုံးနိုင်ပါတယ်။ အရေးကြီးတာကမျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့ပါ။

ပေါင်းတင်ပါ

မျက်နှာချေးချွတ်ပြီးတဲ့အခါ ရေနွေးငွေ့နဲ့ ပေါင်းတင်ပေးရပါမယ်။ မျက်နှာကို ရေငွေ့ရိုက်ပေးတာက အဆီ၊အညစ်အကြေးတွေကို ရှင်းထုတ်ပေးရာ ရောက်ပါတယ်။

မျက်နှာပေါင်းတင်ပြီးနောက်မှာ ပုံမှန်မျက်နှာသစ်သလို မျက်နှာကို ဆေးကြောပေးရပါမယ်။

Treatment

ဒီအဆင့်မှာတော့ မျက်နှာမှာ Serum တစ်မျိုးလိမ်းကာ နှိပ်နယ်ပေးရပါမယ်။ မျက်နှာကို Massage လုပ်ပေးတာကသွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။ Jade Roller ကို သုံးနိင်ပါတယ်။

Facial Mask

မျက်နှာကို လိုအပ်တဲ့ အစိုဓာတ်ရစေဖို့ Facial Mask ကပ်ပေးရပါမယ်။ Facial Mask က ချွေးပေါက် သက်သာစေကာ အသားအရေကို အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။

ဒီအဆင့်တွေ အပြင် ရေများများ သောက်ဖို့လည်း မမေ့သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar